အ​မေ​ရိ​ကန်​နှင့်​​ တောင်​ကို​ရီး​ယား​ ​စစ်​ရေး​လေ့​ကျင့်​မှု​ ​ဆက်​လက်​ပြု​လုပ်

alt

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ရှိနေ​ သည့်တိုင် တောင်​ ကိုရီးယားနှင့် အမေရိကန်​ တို့သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပူးပေါင်း​ စစ်ရေး လေ့ကျင့်မှုများကို အရှေ့ဖက်​ ကမ်းခြေ ဒေသ​ အတွင်း ဆက်လက်​ ပြုလုပ်​ နေဆဲ​ ဖြစ်သည်။

နှစ်နိုင်ငံ ပူးပေါင်း​ ရေတပ်သည် ရေငုပ်​ သင်္ဘောဖျက် ဒုံးကျည်များ ပစ်လွှတ်မှု၊ ရေမြှုပ်မိုင်းများ ထောင်မှုတို့ကို အဓိက လေ့ကျင့်​ လျက်ရှိသည်။ ယခုနှစ် အစောပိုင်းက မြောက်​ ကိုရီးယား တော်ပီဒိုကြောင့်ဟု ယူဆရသည့် တိုက်ခိုက်မှု​ အတွင်း တောင်ကိုရီးယား စစ်သင်္ဘော​ တစ်စင်း နစ်မြုပ်ခဲ့ရာ ရေတပ်သား ၄၆ ဦး သေဆုံးခဲ့သည့် ကိစ္စကြောင့် တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးပေါင်းကာ စစ်ရေး​ လေ့ကျင့်မှုများ ပြုလုပ်​ ခဲ့ခြင်း​ ဖြစ်သည်။ (၁၉၅၀-၅၃) ကိုရီးယား​ ကျွန်းဆွယ် စစ်ပွဲ​ အပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ရန်သူ​ အဖြစ် အစဥ်အဆက် ရပ်တည်ခဲ့သည့် မြောက်ပိုင်း​ ကွန်မြူနစ် နိုင်ငံကမူ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုသည် ရန်စမှုဟု စွပ်စွဲကာ ၎င်းတို့​ အနေနှင့် တုန့်ပြန်မှုများ ပြုလုပ်ရန် စဥ်းစားနေကြောင်း ခြိမ်းခြောက်ထားသည်။ ကိုရီးယား ကျွန်းဆွယ်သည် ငြိမ်းချမ်းသည့် ဒေသ​ တစ်ခုအဖြစ် သတ်မှတ်ရန် ခက်ခဲပြီး နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲခြင်းဖြင့် စစ်ပွဲကို အဆုံးသတ်ထားခြင်း​ ဖြစ်ပြီး ငြိမ်းချမ်းရေး​ စာချုပ် ချုပ်ဆိုထားမှု မရှိချေ။

အရှုံးမပေးသည့်ဝိဉာဥ်ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် တောင်ကိုရီးယား ရေတပ်သား ၈၀၀၀ ကျော်၊ သင်္ဘော အစင်း ၂၀ နှင့် လေယာဥ် ၂၀၀ ကျော်တို့ ပူးပေါင်းပါဝင်ကြသည်။ အထူးသဖြင့် လေယာဥ်အစင်း ရ၀ ထိ တင်ဆောင်နိုင်သည့် USS George Washington စစ်သင်္ဘောကြီးမှာလည်း ယခုစစ်ရေးပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည်။ အမေရိကန် ဖျက်သင်္ဘော Curtis Wiburမှ ကပ္ပတိန် ပေါဟော့က စစ်ရေးပြပွဲမှာ အထူးအောင်မြင်မှု ရရှိခဲ့ပြီး နှစ်နိုင်ငံ တပ်သားများကို တက်ကြွစေခဲ့ကြောင်း ပြောဆိုသွားသည်။ တောင်ကိုရီးယား ရေတပ်ကပ္ပတိန် ကင်ဆွန်ဂျွန်းက Cheonan စစ်သင်္ဘော နစ်မြုပ်မှုတွင် မိမိတို့သည် ဦးစွာဝမ်းနည်းခဲ့ကြောင်း၊ ထို့နောက်တွင်မူ အကြီးအကျယ် ဒေါသထွက်မိခဲ့ကြောင်း၊ ရေတပ်သည် လက်တလော အခြေအနေအရ ယခုလို စစ်ရေးလေ့ကျင့်မှုများ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here