Honda​ Indy​ ​ကား​ပြိုင်​ပွဲ​တွင်​ ​အ​မျိုး​သ​မီး​များ​ ​ပြိုင်​ပွဲ​ဝင်​ခွင့်​​ ပိတ်​ပင်​ရန်​ တောင်း​ဆို

alt

Honda Indy ကားပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲဝင်​ တစ်ဦး၏ လွဲချော်မှုနှင့် ပတ်သက်ပြီး အမျိုးသမီးများကို ပြိုင်ပွဲ​ ဝင်ခွင့် ပိတ်ပင်ရန် တောင်းဆိုမှုများ မြင့်တက်​ လာကြောင်း သိရသည်။

ဗင်နီဇွဲလားမှ မစ်ကာဒူနိုသည် ဇူလိုင်လ ၂၅ ရက်နေ့က ပြိုင်ပွဲတွင် သူမ၏ မော်တော်ကားအား အရှိန်​ မထိန်းနိုင်ဘဲ အတားအဆီးများကို ဝင်တိုက်​ ခဲ့သလို ကားမှ​ ကျိုးထွက်လာသည့် နောက်ပိုင်း​ ကာသော သတ္တုပြားကြောင့် အခြားသော ယာဥ်မောင်းများပါ ဒုက္ခ​ ရောက်ခဲ့ရသည်။ ပြိုင်ပွဲဝင် တစ်ဦး​ ဖြစ်သည့် ဒင်နီကာ ပက်ထရစ်က ဒူနိုသည် အရှိန်​ မမြှင့်သင့်သည့် အနေအထားတွင် အလွန်အကျွံ မြန်နှုန်း​ တင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ၎င်းက ထိုနေရာတွင် အမြန်နှုန်း ကွဲပြားမှုဖြင့် အမျိုးမျိုး မောင်းနှင်​ နေသည်ကို မဝေဖန်​ လိုကြောင်း၊ သို့သော်လည်း ဒူနိုသည် အလွန်အကျွံ မြန်နှုန်းတင် မောင်းနှင်​ လိုက်ခြင်းမှာ အလွန်​ အန္တရာယ်များကြောင်း ဝေဖန်သွားသည်။

Dale Coyne​ အသင်း​ အတွက် မောင်းနှင်သည့် အသက် ၃၈ နှစ်အရွယ် ဒူနိုမှာ ယခင်ကလည်း အန္တရာယ်များသည့် ယှဥ်ပြိုင်မှုမျိုး အနည်းဆုံး ပွဲစဥ် ၂ ခုတွင် ပြုလုပ်ခဲ့သည်။ သူမသည် တိုရန်တိုတွင် ယှဥ်ပြိုင်သည့် ပြိုင်ပွဲ​ အတွင်းကလည်း မြင်ကွင်း​ မှုန်ဝါး​ နေချိန်တွင် အလွန်​ မိုက်ရူးရဲဆန်စွာ အရှိန်မြှင့် မောင်းခဲ့ကြောင်း စွပ်စွဲမှုများ ကြံုခဲ့ရသေးသည်။ သူမသည် ဘရာဇီးနှင့် ကန်းဆက်တို့တွင် ကျင်းပသော ပြိုင်ပွဲများ​ အတွင်း ထွက်ခွာခဲ့ရသလို အမှတ်အနေအထားအရလည်း ထိပ်ဆုံး ၂၀ စာရင်းတွင် မဝင်ခြင်းကြောင့် အလွန်အကျွံ အရဲစွန့် မောင်းနှင်မှုများ ပြုလုပ်​ နေခြင်းဟုဆိုသည်။ သူမသည် လက်ရှိတွင် အဆင့် ၂၅ မှသာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဦးဆောင်သူ ဝီပါဝါထက် ၂၇၅ မှတ် လျော့နည်း​ နေသည်။ ဒူနိုသည် ပြိုင်ပွဲဝင် သက်တမ်း​ တလျှောက် အဆင့် ၁၄ အထက်ကို မရရှိခဲ့ဖူးချေ။ သူမ၏ လုပ်ဆောင်မှုများကို Honda Indy​ ကားပြိုင်ပွဲ တာဝန်ရှိသူများက သတိပေးထားပြီး လိုအပ်ပါက ရာသီကုန်တွင် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ရန်ပါ စဥ်းစားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here