Android​ OS​ ​အ​ခြေ​ပြု​ Tablet​ ​ကွန်​ပျူ​တာ​​ တစ်​မျိုး​ Motorola​​ က ​ထုတ်​လုပ်ရန်​​ စီ​စဥ်

alt

အမေရိကန် နည်းပညာ ကုမ္ပဏီ Motorola​ သည် Android OS​ စနစ်ကို အခြေပြုထားသည့် Tablet ကွန်ပျူတာတစ်မျိုး ထုတ်လုပ်ရန် စီစဥ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အတည်မပြုနိုင်သည့် ဖော်ပြချက်များအရ ၁၀ လက်မအရွယ် အဆိုပါ Tablet​ သည် Mac OS​ ကို အသုံးပြုထားသည့် Apple​ ထုတ် iPad​ ကို အဓိက ယှဥ်ပြိုင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ Motorola၏ CEO​ ဖြစ်သူ ဆန်ဂျေဂျားက ကုမ္ပဏီအနေနှင့် Tablet​ ကွန်ပျူတာသစ် တစ်မျိုးကို စမ်းသပ်နေကြောင်း သတင်းများအား အတည်ပြုရန် ငြင်းဆန်ထားသည့်တိုင် ယခုကဲ့သို့ ဖော်ပြချက်များ ခိုင်ခိုင်မာမာ ထွက်ပေါ်နေဆဲဖြစ်သည်။ Google​ ထုတ် Android OS​ သည် မိုဘိုင်းကိရိယာ အတော်များများတွင် စမ်းသပ်သုံးစွဲလာခဲ့ရာ Motorola​ သည်လည်း ယင်းနှင့်လက်တွဲမှုများ ယခင်ကတည်းက ရှိခဲ့သည်။

နည်းပညာ လေ့လာသူအချို့က Motorola​ က ထုတ်လုပ်မည့် Tabletသည် ARM​ အခြေခံ Processor​ ဖြင့် မောင်းနှင်ပြီး 512 MB Ram၊ တိုးချဲ့သိုလှောင်နိုင်သည့် Storage Device၊ Wi-Fi​ ဖမ်းယူနိုင်သည့် ကွန်ရက်စနစ်များဖြင့် ထွက်ပေါ်လာမည်ဟု သုံးသပ်ပြောဆိုထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here