က​မ္ဘာ​ကျော်​ ​ဗြိ​တိန်​မော်​ဒယ်ကိတ်​မော့စ်​၏​နေ​အိမ်​တွင်​​ ​သ​ရဲ​ခြောက်​ဟု​ဆို

alt

ကိတ်မော့စ်​ တစ်ယောက် သူမ​ နေထိုင်ရာ လန်ဒန်​ နေအိမ်တွင် သရဲခြောက်သည်ဟု ယုံကြည်​ နေကြောင်း သိရသည်။ က​မ္ဘာ​ကျော်​ ဗြိတိန်​ မော်ဒယ်သည် နတ်ဆရာ တစ်ဦးကို

ပင့်ဖိတ်ကာ နေအိမ်ရှိ သရဲများနှင့် အဖျက်​ အမှောင့် စွမ်းအားများကို ပယ်ဖျက်​ နိုင်ရန် အကူအညီ တောင်းထားကြောင်း The Sun သတင်းစာတွင် ဖော်ပြ​ ခဲ့သည်။ ကိတ်ကဲ့သို့ပင် သူမ၏ ခင်ပွန်းလောင်း ဂျေမီဟင့်မှာလည်း သဘာဝ​ လွန် ဖြစ်ရပ်များ​ အပေါ် ယုံကြည်သည့်​ အတွက် နေအိမ်တွင် အကုသိုလ် လွှမ်းမိုးမှုများ ရှိနေကြောင်း လက်ခံကာ နတ်ဆရာ ငှားရမ်းမှု​ အတွက် ထောက်ခံ​ အားပေး​ ခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။

ကိတ်သည် လက်တလောတွင် ကံမကောင်းမှုများ ဆက်တိုက်​ ကြံုနေရပြီး ပေါင်စတာလင် ၈၀၀၀၀ ဓားပြတိုက်ခံရပြီး မကြာသေးမီကမှ သူမ၏ နေအိမ်ရှိ မိလ္လာစနစ် ချွတ်ယွင်းရာမှ လျှံကျမှုများ ဖြစ်ပေါ်ပြီး ပေါင်စတာလင် ၁၀၀၀၀ဝ ဖိုးမျှ ပျက်စီးခဲ့ရသည်။ ထို့အပြင် အသစ်ခင်းထားသည့် ကြမ်းပြင်များလည်း အချိန်အနည်းငယ်အတွင်း ကွာကုန်သလို သူမဝယ်ထားသည့် တန်ဖိုးကြီး ပေါင်းခံစက်တွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကိတ်သည် အိမ်ကြီးတစ်ခုလုံးအား အမှောင်တိုက် ဖုံးလွှမ်းနေသည်ဟု ယူဆနေပြီး အလုံးစုံ မန်းမှုတ်ဖယ်ရှားရန် နတ်ဆရာအား အကူအညီ တောင်းခံထားသည်ဟုလည်း The Sun​ က ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here