​အ​စာ​ရေ​စာငတ်​မွတ်​မှု​ကြောင့်​ ​ပင်​ဂွင်းငှက်​များ​ ​သေ​ဆုံး​ကြ​ရ

alt

ဘရာဇီး​ နိုင်ငံတွင် အစာရေစာ ငတ်မွတ်ခြင်းကြောင့် သေဆုံး​ ခဲ့သည်ဟု ယူဆရသော ပင်ဂွင်းငှက်များ လာရောက်​ ကမ်းတင်​ နေခြင်း​ အတွက် ပညာရှင်များက ခေါင်းစား​ လျက်ရှိ​ ကြသည်။

အဖြူနှင့်​ အနက်ကြား မပျံသန်းနိုင်သော ငှက်ကောင်ရေ ၅၀၀ ခန့်တို့သည် မည်သည့်​ အတွက်ကြောင့် သေဆုံး​ ရသည်ကို ပညာရှင်များ​ အနေနှင့် တိတိကျကျ အဖြေ​ မထုတ်​ နိုင်သေးချေ။ ပရေရီယာရှိ ပါရူဘီတွင် လွန်ခဲ့သော ၁ဝ ရက်ခန့်ကတည်းက လာရောက်​ ကမ်းတင်နေသော ပင်ဂွင်းများနှင့် ပတ်သက်ပြီး မိမိတို့ လေ့လာနေဆဲဟု ပါရူဘီ ငါးပြတိုက်မှ ဇီဝဗေဒ ပညာရှင် သီယာဂို ဒိုနာဆင်မန်တိုက ပြောကြားခဲ့သည်။ ယင်းပင်ဂွင်း အများစုသည် အာဂျင်တီးနား၊ ချီလီနှင့် ဖောက်ကလန် ကျွန်းများထိ ပိုမို​ ပူနွေးသော ရေပြင်တွင် အစာ​ ရှာရန် ပြောင်းရွှေ့လာ​ ကြခြင်း​ ဖြစ်သည်။

သုတေသီများက ပြင်းထန်သော ရေစီးကြောင်းများနှင့် ပုံမှန်ထက် ပိုမို​ အေးခဲလာသည့် ရာသီဥတုက ပင်ဂွင်းများ၏ သဘာဝ အလေ့အထကို ထိခိုက်​ လာစေသည်ဟု ယူဆ​ နေသည်။ ဒိုနာဆင်မန်တိုက ပင်ဂွင်းများသည် ယခု​ ရာသီတွင် ပုံမှန်အားဖြင့် မြောက်ပိုင်းသို့ ကူးခတ်​ ရွှေ့ပြောင်း​ လာလေ့ရှိကြောင်း ပြောကြားခဲ့သည်။ ယခင်ကလည်း ပင်ဂွင်းကောင်ရေ ၁၀၀ မှ ၁၅၀ ထိကို ကမ်းခြေတွင် နှစ်စဥ်​ လိုလို တွေ့ရသော်လည်း ပျမ်းမျှ​ အားဖြင့် ၁၀ ကောင်ဝန်းကျင်သာ အသေအပျောက်ရှိကြောင်း ၎င်းကဆိုသည်။ လက်ရှိ​ အခြေအနေကို စိုးရိမ်နေမိကြောင်း၊ ကာလတိုအတွင်း ပင်ဂွင်းများ ပမာဏ​ များပြားစွာ သေဆုံးခြင်းသည် ယခု​ တစ်ကြိမ် ပထမဆုံး​ ဖြစ်ကြောင်း ဒိုနာဆင်မန်တိုက ရှင်းပြ​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here