သား​ဖြစ်​သူ​အား​ ​မြေ​တိုက်​ခန်း​တွင်​ ​၆​နှစ်​ကြာ​ ​ချုပ်​နှောင်​ထား​သည့်​ ​ဆော်​ဒီ​အာ​ရေ​ဗျ​​မှ​ ဖ​ခင်

alt

ဆော်ဒီအာရေဗျ နိုင်ငံမှ အမျိုးသား တစ်ဦးသည် သား ဖြစ်သူအား ၆ နှစ် လုံးလုံး မြေတိုက်ခန်းထဲတွင် သံကြိုးဖြင့် ခတ်ထား ခဲ့ကြောင်း သိရသည်။

ဖျော့တော့နွမ်းရိကာ အားအင် ပြတ်လပ်နေသည့် သား ဖြစ်သူမှာ မကောင်းဆိုးဝါး အမျိုးသမီး တစ်ဦးက လွှမ်းမိုး အသုံးချမှု ခံနေရသည်ဟု ယုံကြည် ခြင်းကြောင့် ဖခင်က ယခုလို ပြုလုပ် ခဲ့ခြင်းဟု သိရသည်။

ဖခင် ဖြစ်သူက တူကီဟုသာ အမည် ဖော်ပြသည့် ၎င်း၏ ၂၉ နှစ် အရွယ်သားမှာ ခန္ဓာကိုယ် တစ်ခုလုံး တွန့်လိမ်လာသလို မျက်လုံးများလည်း ဖြူလာကြောင်း၊ ထို့အပြင် အမျိုးသမီး တစ်ဦး၏ အသံဖြင့်လည်း အော်ဟစ်ကြောင်း ပြောကြားခဲ့သည်။ တူကီ၏ အခြေအနေကြောင့် ၎င်း၏ဖခင်မှာ ဒေသခံ မွတ်ဆလင် တရားဟောဆရာ တစ်ဦးကို ပင့်ဖိတ်ကာ ကိုရန်ကျမ်းစာများ ရွတ်ဖတ်မန်းမှုတ်ခဲ့သော်လည်း အခြေအနေ ထူးမလာခဲ့ချေ။ နောက်ပိုင်းတွင် မိသားစုများကြား အမျိုးသမီး အသံဖြင့် ဟစ်အော်နေသည့် တူကီအား ကြောက်ရွံ့လာသည့်အတွက် မည်သူ့ကိုမျှ ဒုက္ခမပေးနိုင်ရန် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း တူကီ၏ ဖခင်က ပြောကြားခဲ့သည်။ တူကီသည် အမျိုးသမီး အသံဖြင့် သူမသည် တော်ဝင်မင်းသမီး တစ်ဦး၏ ဝိဉာဥ်ဖြစ်ကြောင်း၊ တူကီသေသွားလျင်ပင် မည်သူကမျှ သူမကို ဖျက်ဆီးနိုင်မည် မဟုတ်ကြောင်း အော်ဟစ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက်တွင်တော့ တူကီအား မက်ကာမြို့ရှိ အခန်းနှစ်ခုသာပါသည့် သေးငယ်သော မြေအောက်ခန်းတစ်ခုတွင် ချုပ်နှောင်ထားခဲ့သည်။ တာကီနှင့်အတူ ၎င်း၏ဇနီးနှင့် ကလေး ၃ယောက်တို့ကို ထားရှိပြီး တစ်လလျင် ပေါင်စတာလင် ၁၅၀ မျှသာ ထောက်ပံ့ထားသည်။

တူကီ၏ မိဘနှစ်ပါးမှာ ၎င်းအား မကောင်းဆိုးရွား မဖမ်းစားမီ အချိန်လေးက ကွာရှင်းခဲ့ခြင်းဟု သိရသည်။ ဆော်ဒီ လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ မူဟာမက် အယ်ဆူဟာလီမှာ တူကီထံသို့ ရောက်သွားချိန်တွင် သနားစရာ အမျိုးသားခမျာ တစ်ဝက်တစ်ပျက်ပင် ကိုမာဝင်နေပြီဟု သိရသည်။ ဆူဟာလီသည် တူကီ၏ ဇနီးအား နှစ်ပေါင်းများစွာတိုင်အောင် တူကီအား စောင့်ရှောက်နေခြင်းအတွက် ချီးကျူးခဲ့ပြီး အယူသီးလှသည့် ဖခင်၏ လောင်းရိပ်အောက်မှ ရုန်းထွက်ကာ တူကီတို့ မိသားစုအား စောင့်ရှောက်ပေးရန် ဆော်ဒီလူမှုဝန်ထမ်း ဦးစီးဌာနသို့ ကူညီပန်ကြားထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here