အ​တွင်း​ခံ​ဘောင်း​ဘီ​ဖြင့်​ ​ရုပ်​ဖျက်​ကာ​ ​ဓား​ပြ​တိုက်​သည့်​ အ​မျိုး​သ​မီး

alt

အမေရိကန် ရဲတပ်ဖွဲ့သည် ထူးထူး ဆန်းဆန်း အတွင်းခံ ဘောင်းဘီဖြင့် ရုပ်ဖျက်ကာ ဓားပြ တိုက်ခဲ့သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီး ထားလိုက်ကြောင်း သိရသည်။

အိုကလဟာဟိုးမားရှိ McDonald​ ဆိုင်သို့ ဓားပြ ဝင်တိုက်သည့် အလုပ် လက်မဲ့ တစ်ဦး ဖြစ်သူ ရှာရွန်လိန်းသည် သူမ၏ အတွင်းခံ ဘောင်းဘီကို မျက်နှာဖုံး အဖြစ် ပါးစပ်တွင် အုပ်ပြီး ဓားပြ တိုက်ခဲ့ကြောင်း ရဲများက ဆိုသည်။ အသက် ၅၁ နှစ်ရှိ ရှာရွန်သည် အမြန် အစားအသောက် ရောင်းချသည့် ဆိုင်မှ ငွေများကို ဇူလိုင်လ ၂၁ ရက်နေ့က ဓားပြတိုက် ရယူ သွားခဲ့သည်။ သို့သော်လည်း ရဲများက လုံခြံုရေး ကင်မရာဖြင့် ခြေရာခံကာ နောက်တစ်နေ့တွင်ပင် ရှာရွန်အား ဖမ်းဆီး နိုင်ခဲ့သည်။ သူမ အနေနှင့် ဓားပြမှုကို ကျူးလွန်ကြောင်း ဝန်ခံ ခဲ့သည်ဟု မစ်ဝက်စ်စီးတီး ရဲတပ်ဖွဲ့ အကြီးအကဲ ဘရန်ဒန်ကလိပ်က ပြောကြား ခဲ့သည်။

ရှာရွန်သည် လောင်းကစားရာမှ အကြွေးတင် နေပြီး အကြီးအကျယ် ငွေလို နေကြောင်း ရဲများထံ ဖြောင့်ချက် ပေးခဲ့သည်။ ရဲများက ရှာဖွေခဲ့ရာ ဓားပြ တိုက်ရာတွင် အသုံးပြုသည့် အဖြူရောင် အတွင်းခံ ဘောင်းဘီနှင့် အတူ မူးယစ်ဆေးဝါး အချို့ကိုပါ ဖမ်းဆီး နိုင်ခဲ့သည်။ ရှာရွန်သည် ယခုအခါ ဒုတိယအဆင့် ဓားပြမှု၊ ခြိမ်းခြောက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှုများဖြင့် အဖမ်းခံ ထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here