​ဂါ​ဇာ​ကမ်း​မြောင်​အား​ လက်​နက်​ကြီး​များ​ဖြင့်​ ​တိုက်​ခိုက်​ခဲ့​ကြောင်း​ ​အ​စ္စ​ရေးစစ်​တပ်​အ​တည်​ပြု

alt

အစ္စရေး စစ်တပ်က ဂါဇာ ကမ်းမြှောင်အား ၎င်းတို့ လက်နက်ကြီးဖြင့် တိုက်ခိုက် ခဲ့ကြောင်း အတည်ပြု ပြောကြား လိုက်သည်။ ဂါဇာ မြောက်ပိုင်းရှိ လက်နက်ကိုင် စစ် သွေးကြွ အဖွဲ့ တစ်ခုကို အစ္စရေးတို့က လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ရာ

စစ်သွေးကြွ တစ်ဦး သေဆုံးပြီး အခြားတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။

အစ္စရေး စစ်တပ်က အရှေ့ပိုင်းရှိ အစ္စရေး-ဂါဇာ နယ်စပ်မြို့ ဘိုဟာနန်သို့ ချဥ်းကပ် လာသည့် ပါလက်စတိုင်း သေနတ် သမားများအား ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။ စစ်ဖက် ပြောရေး ဆိုခွင့်ရ အရာရှိက လက်နက်ကြီး ကျည်ဆန်သည် ပစ်မှတ်သို့ တိုက်ရိုက် ထိမှန်ပြီး စစ်သွေးကြွ တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ကျန်လူအုပ်သည် ဒဏ်ရာ ရသူဟု ယူဆရသူ တစ်ဦးအား သယ်ဆောင်သွားကြောင်း ပြောကြားခဲ့သည်။

ကိုယ်တွေ့ကြံုခဲ့သည့် ပါလက်စတိုင်း ဒေသခံများက အစ္စရေးဖက်မှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းသည် အယ်မာဆာရီ မိသားစုနေအိမ်အနီး ကျရောက်ပေါက်ကွဲရာ လူငယ်တစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာများ ရသွားကြောင်း စွပ်စွဲ ပြောကြားထားသည်။ အခြားသော မျက်မြင်များကမူ ပါလက်စတိုင်း လက်နက်ကိုင်များသည် လက်လုပ် ဒုံးလောင်ချာ တစ်ခုဖြင့် အစ္စရေး နယ်ခြားစောင့်စခန်းကို စတင်ပစ်ခတ်ခဲ့ရာမှ အစ္စရေးတို့က တုန့်ပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ အစ္စရေးတို့သည် ရန်သူတော် ဟားမတ်စစ်သွေးကြွ တပ်ဖွဲ့များ ဩဇာကြီးမားလာပြီးနောက် ၂၀၀၇ ခုနှစ်ကတည်းက ဂါဇာကို အကြီးအကျယ် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here