စိတ်ဖိစီးမှုကို ခံနေရပြီးနောက် ကလေးများအား လည်မျို ညှစ်​သတ်မိသည့်​​ ​မိ​ခင်

alt

အမေရိကန်နိုင်ငံ၊ ဒါးလက်မြို့တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးသည် စိတ်ဖိစီးမှုကို ခံနေရပြီးနောက် ကလေးများအား လည်မျို ညှစ်သတ်ရန် ကြံစည် ခဲ့မှုဖြင့် တရား စွဲဆိုခြင်း ခံထား ရကြောင်း သိရသည်။

အသက် ၃၀ အရွယ်ရှိ ဆိုင်ကာ အက်ခတာသည် အသက် ၅ နှစ်အရွယ် သားငယ်အား ဝိုင်ယာကြိုးဖြင့် လည်ပင်း ညှစ်သတ်ခဲ့သလို ၂ နှစ်အရွယ် သမီးလေးမှာလည်း သူမ လက်ချက်ကြောင့် ယခုအခါ အသက်ရှူ အထောက် အကူပြု ကိရိယာဖြင့် ရှင်သန် နေရသည်။ ရဲများသည် ဇူလိုင်လ ၂၀ ရက်နေ့က အက်ခတာအား လူသတ် ရန်မှုမှူဖြင့် ဖမ်းဆီး​ ထားလိုက်ပြီ​ ဖြစ်သည်။ အက်ခတာ၏ ဦးလေးဖြစ်သူ ဝစ်စမြူဟာကွီးက သူမသည် စိတ်​ ကျန်းမာရေး အားနည်း​ နေသည်ဟု ယူဆ​ ရကြောင်း၊ အဘယ်ကြောင့် ကလေးများကို ယခုလို လုပ်ရသည်ကို နားမလည်​ နိုင်ကြောင်း ပြောကြား​ သွားသည်။ ရဲတပ်ဖွဲ့က အက်ခတာသည် ဇူလိုင်လ ၁၉ ရက်နေ့က ၎င်းတို့ထံ ဖုန်းခေါ်ကာ သူမသည် ကလေးများအား ဆိုးဆိုး​ ရွားရွား လုပ်မိပြီဟု ထိတ်ထိတ်ပြာပြာ ဆက်သွယ်​ အကြောင်းကြား​ ခဲ့ကြောင်း ပြောကြား​ သွားသည်။ သူမ၏​ သားငယ် ဇိန်းအက်ခတာမှာ ဆေးရုံသို့ ရောက်ခဲ့​ သေးသော်လည်း နောက်ပိုင်းတွင် သေဆုံး​ သွားကြောင်း ဆရာဝန်များက ကြေညာခဲ့သည်။

သမီးငယ် ဖာရယ်အက်ခတာမှာလည်း စက်ကိရိယာ အကူအညီဖြင့် ရှင်သန်​ နေသော်လည်း အသက်​ ဆက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း ဆရာဝန်များက ဝန်ခံထားသည်။ အက်ခတာသည် ရဲများအား သူမသည် ကလေးနှစ်ဦးအား ဝါယာကြိုးဖြင့် လည်မျို​ ညှစ်ထားပြီးနောက် ကလေးများ တစ်ကိုယ်လုံး ပြာလာတော့မှ မိမိ​ လုပ်နေသည်ကို ပြန်လည်​ သတိပြုမိကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here