​ရုပ်​ရှင်​ ဇာတ်​လမ်း​ အ​တွက်​ ​ပြန်​လည်​ ပေါင်း​ဆုံ​မည့်​ Spice​ Girls​ ​အ​ဖွဲ့

alt

ဖျက်သိမ်း လိုက်ပြီး ဖြစ်သည့် ဗြိတိသျှ အမျိုးသမီး အဆိုတော်အဖွဲ့ Spice Girls​ သည် ရုပ်ရှင် ဇာတ်လမ်း တစ်ခု အတွက် ပြန်လည် ပေါင်းဆုံရန် စီစဥ် နေကြောင်း အဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည့် အီမာဘာတန်က ပြောကြား လိုက်သည်။

အသက် ၃၄ နှစ်အရွယ် အဆိုတော်က ထို ရုပ်ရှင်ကို သူမနှင့် အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဗစ်တိုးရီးယား ဘက်ခမ်းနှင့် ဂယ်ရီဟယ်လီဝဲတို့က ဇာတ်လမ်း ရေးသားပြီး မဲဘီနှင့် မဲစီတို့မှာလည်း အစီအစဥ် အတွက် စိတ် လှုပ်ရှား နေကြောင်း ပြောကြား ခဲ့သည်။ ၁၉၉၇ ခုနှစ်က သူမတို့ ရိုက်ကူး ခဲ့သည့် Spice World ရုပ်ရှင်၏ နောက်ဆက်တွဲ အဖြစ် ဖန်တီးမည့် ဇာတ်လမ်းသစ်တွင် Mamma Mia! ဒါရိုက်တာ ဂျူဒီကရာမာက ရိုက်ကူးရန် တာဝန် ယူဖွယ် ရှိနေပြီး Spice Girls​ အဖွဲ့၏ ကျော်ကြား ခဲ့သော သီချင်းများကို ပြန်လည် ထည့်သွင်း အသုံးပြု သွားဖွယ် ရှိနေကြောင်း သိရသည်။

ကလေးတစ်ဦး၏ မိခင်ဖြစ်သော အီမာက Spice Worldကို ရိုက်ကူး ပြီးသည်နှင့် နောက်ဆက်တွဲ ရုပ်ရှင်ကို စီစဥ်ခဲ့သော်လည်း ဟယ်လီဝဲ တစ်ယောက် အဖွဲ့မှ နှုတ်ထွက် သွားသည့် အတွက် သွေးအေး သွားကြကြောင်း ပြောကြားခဲ့သည်။ ယင်း ဇာတ်ကားသစ်တွင် Spice Girls​ အဖွဲ့၏ နာမည်ကျော် သီချင်းများ ဖြစ်သည့် Wannabe၊ 2 Become 1၊ Who Do You Think Are?​ နှင့် Say You’ll Be There​ တို့ကို အသုံးပြု သွားမည်ဟုဆိုသည်။ Spice Girls အဖွဲ့သည် ရုပ်ရှင်သစ်မှာ ရုံဝင်ကြေး ပေါင်စတာလင် သန်း ၄၀ ကျော် ရရှိခဲ့သည့် Spice World​ ထက် ပိုမို အောင်မြင်ရန် မျှော်လင့် နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here