Facebook​ ​​ရှိ​ အ​စ္စ​လာမ် ဘာ​သာ​ရေး​ ဆိုင်​ရာ​ Page​​ များ​ ​ဖယ်​ရှား​ခံ​ရ

alt

Facebook​ တွင် တင်ထားသည့် အ​စ္စ​လာမ် ဘာသာရေး ဆိုင်ရာ လူကြိုက်များသော Page ၄ ခု ဖယ်ရှား ခံရ ပြီးနောက် အ​စ္စ​လာမ် ဘာသာဝင် ၂.၅ သန်းမျှသည် အဆိုပါ Social Networking ဝက်ဆိုက်မှ နှုတ်ထွက် မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

ထို့အပြင် မွတ်ဆလင် ဘာသာဝင် အမြောက် အမြားတို့က Facebook တည်ထောင်သူ မတ်ဇူကာဘတ်နှင့် အဖွဲ့သည် မွတ်ဆလင် ၂.၅ သန်းတို့၏ ခံစားချက်ကို လျစ်လျူရှုသည်ဟုလည်း စွပ်စွဲ ခံနေရသည်။ ထို့အပြင် ယခုလို Facebook​ မှ ဖယ်ရှား ခံရခြင်းသော Page​ များသည် ဝက်ဆိုက်၏ မူဝါဒနှင့်လည်း ဆန့်ကျင်မှု မရှိကြောင်း အရေးဆိုနေကြသည်။ ထို့အပြင် Facebook​ အနေနှင့် ယင်းကိစ္စအား ကျေနပ်အောင် ဖြေရှင်းမပေးပါက ဝက်ဆိုက်မှ အ​စ္စ​လာမ်ဘာသာဝင် ၂.၅ သန်းတို့ စုပေါင်းနှုတ်ထွက်အောင် လှုံ့ဆော်လှုပ်ရှားသွားမည်ဟု မွတ်ဆလင် Member​ များက Facebook​ သို့ စာရေးသား ပေးပို့ခဲ့သည်။

Facebook​ သည် ယခင်ကလည်း အ​စ္စ​လာမ်ဘာသာဝင်များနှင့် အခြေအတင် ဖြစ်ခဲ့ဖူးပြီး ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် အ​စ္စ​လာမ်​ ဘာသာအား မလေးမခန့် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် Facebook​ ကို လပိုင်းမျှ ပိတ်ထားခဲ့ဖူးသည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမှ ITပညာရှင်များသည် မွတ်ဆလင်Version​ အဖြစ် စင်ပြိုင်​ Facebook တစ်ခုကိုလည်း ထူထောင်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here