လာ​မည်​နှစ်​ ဖော်​မြူ​လာဝမ်း​ ပြိုင်​ပွဲ​တွင်​ ​အ​စွမ်း​ပြ​မည်​ဟု​ ​မိုက်​ကယ်​ရှူ​မေ​ကာ​ ပြော

alt

ယခုနှစ် အတွင်း ကျရှုံးမှုများ ကြံုတွေ့ ခဲ့ရသော်လည်း လာမည့်နှစ် ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲတွင် ၎င်း၏ အရည်အသွေးမှန်ကို ပြသ သွားမည်ဟု ဂျာမန် ကားမောင်း ချန်ပီယံဟောင်း မိုက်ကယ် ရှူမေကာက ပြောကြား လိုက်သည်။

ဖာရာရီ အသင်းနှင့် အောင်ပွဲ အလီလီ ရယူ ခဲ့ပြီးနောက် ကားမောင်း ပြိုင်ပွဲများမှ အနားယူ ခဲ့သော်လည်း မာစီဒီး အသင်း အတွက် ကိုယ်စားပြုကာ ဖော်မြူလာဝမ်းတွင် ပြန်လည် ယှဥ်ပြိုင် ခဲ့သည့် ရှူမေကာက ဖော်မြူလာဝမ်း သမိုင်းတွင် ၎င်း၏ အမည်ကို ရေးထိုး နိုင်ရန် ကြိုးစား သွားမည်ဟု ပြောကြား ခဲ့သည်။

၃ နှစ်လုံးလုံး ကားပြိုင်ကွင်းများကို ကျောခိုင်းထားပြီးမှ အဌမမြောက် ကမ္ဘာ့ ချန်ပီယံဘွဲ့ အတွက် အောင်ပွဲခံရန် မာစီဒီးသို့ မိမိ ခြေချလာခြင်းဟု ရှူမေကာကဆိုသည်။ ရှူမေကာသည် အသက် ၂၅ နှစ်သာ ရှိသေးသည့် မာစီဒီးအသင်းဖော် နစ်ကိုရိုစဘက်အား ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲဝင် ဂျာမန်အသင်းမှ ခြေစွမ်းထက်မြက်သည့် လူငယ် ကစားသမားများ ဖြစ်ကြသည့် သောမတ်မူလာ၊ မီဆွတ်အိုဇေးတို့နှင့် ခိုင်းနှိုင်းခဲ့ပြီး မိမိကိုယ်ကိုယ် ဂျာမနီဘောလုံးအသင်း၏ ဝါရင့်ကပ္ပတိန် မိုက်ကယ်ဘောလက်နှင့် နှိုင်းယှဥ်သုံးသပ်ခဲ့သေးသည်။ ရှူမေကာက ၎င်းသည် အကောင်းဆုံး အနေအထားသို့ ပြန်ရောက်ရန် အချိန်ယူရဦးမည်ဟုလည်း ဝန်ခံသွားသည်။

ကမ္ဘာ့ဖော်မြူလာဝမ်း ချန်ပီယံ ရ ကြိမ်ဖြစ်ဖူးသူ ရှူမေကာသည် ယခုနှစ်အတွင်း စွမ်းဆောင်ရည်ပိုင်း အားနည်းမှုများကြောင့် ဝေဖန်မှုများနှင့် တွေ့ကြံုနေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here