နို့​သောက်​ခြင်း​​ကြောင့်​ ​အ​မျိုး​သား​များ​တွင်​ ​ဆီး​ကြိတ်​ ကင်​ဆာ​ ဖြစ်​နိုင်​ခြေ​​ မြင့်​တက်​နိုင်

alt

နို့သောက်ခြင်းသည် အရိုးများကို သန်မာ စေပြီး ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေ နိုင်ကြောင်း လူအများ အနေနှင့် ကာလကြာရှည် ယုံကြည် နေခဲ့သော်လည်း

သုတေသန ရလဒ် နှစ်ခုက နို့ကို စွဲမြဲစွာ သောက်နေ ခြင်းကြောင့် အမျိုးသားများတွင် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက် လာ စေကြောင်း ဖော်ထုတ် ခဲ့သည်။

ဗီတာမင် B၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နှင့် ပရိုတိန်းဓာတ်တို့ ပေါကြွယ်ဝစွာ ပါဝင် သော်လည်း အီတလီနှင့် ကနေဒါတွင် ပြုလုပ်ခဲ့သည့် သုတေသန ရလဒ်များက နို့သည် ဆီးကြိတ် ကင်ဆာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိလာသည်။ နေ့စဥ် ၂၀၀ မီလီလီတာ ထက်ပိုသော နို့ကို ပုံမှန် သောက်နေခြင်းသည် အမျိုးသား တစ်ဦး အတွက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို နှစ်ဆ မြင့်တက်လာစေကြောင်း ကနေဒါမှ ပညာရှင်များက ပြောကြားခဲ့သည်။ ယင်းနှင့်အလားတူ အဖြေမျိုးကို အီတလီ သုတေသီများကလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ဥရောပတွင် အဓိက စားသောက်ကုန်စည် တစ်ခုအဖြစ် တည်ရှိနေသည့် နို့နှင့်ပတ်သက်ပြီး ပညာရှင်များကြား သဘောထား ကွဲလွဲမှုများ ရှိနေဆဲဖြစ်ပြီး နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် နို့အတွင်း ပါဝင်သည့် ဟိုမုန်းတစ်မျိုးသည် သွေးထဲရှိ သကြားဓာတ်ကို ခိုင်မာစေပြီး ဆီးချိုဖြစ်စေရန် တွန်းအားပေးကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်တွင် အရွယ်ရောက်သူများအား တစ်နေ့လျင် နို့ ၃ ခွက်မျှသောက်ရန် တိုက်တွန်းလျက်ရှိရာ ပညာရှင်များကြား ကွဲပြားသော အမြင်မျိုး ရှိနေခြင်းကို ဖော်ပြလျက်ရှိသည်။

ဟားဗက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဝေါ်တာဝီးလက်ကမူ နို့ကြောင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သည်ဆိုသော ဖော်ပြချက်များအတွက် သက်သေပြရန် အခြေအနေမှာ အနည်းငယ်သာ ရှိနေသေးကြောင်း ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံ ကာရိုလိုင်းနား တက္ကသိုလ်မှ သုတေသီများသည်လည်း လွန်ခဲ့သော ၂ နှစ်က ဆီးကြိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါသည် ၂၇၀၀၀ ကျော်နှင့် နို့သောက်သုံးမှု ဆက်စပ်ခြင်းရှိမရှိ လေ့လာခဲ့ဖူးပြီး ထိုစဥ်က ခိုင်မာသော အထောက်အထားများ မတွေ့ခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here