ဂျာမနီနိုင်ငံ လမ်းကြီးပေါ်တွင် ကမ္ဘာ့အကြီးဆုံးပါတီပွဲ ကျင်းပ

alt

ဂျာမန် လူမျိုး ၃ သန်း ခန့်သည် ယာဥ် အသွားအလာ ရှုပ်ထွေးသည့် လမ်းမကြီး တစ်ခုတွင် ကမ္ဘာ့ အကြီးဆုံး ပါတီပွဲကြီး တစ်ခုအား ကျင်းပ ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့က ကီလိုမီတာ ၆၀ ထိ ရှည်လျားသော အဆိုပါ လေဟာပြင် ပါတီပွဲကြီးကို အနောက် ဂျာမနီ မြို့ နှစ်မြို့ ဖြစ်သည့် ဒေါ့မွန်နှင့် ဒုစဘက်တို့ကြား A40 ကား လမ်းမကြီးပေါ်တွင် ပြုလုပ် ခဲ့သည်။ Still Life ဟု အမည် ပေးထားသည့် ပါတီပွဲကြီးတွင် စကိတ်စီးသူများ၊ ခြေကျင် လျှောက်သူများ၊ ဆိုင်ကယ် စီးလာသူများ၊ ကားမောင်း လာသူများနှင့် ပျော်ပွဲစား ထွက်လာ သူများပါ စုပေါင်း ပါဝင် ကြသည်။ ၂၀၁၀ ၏ ယဥ်ကျေးမှု မြို့တော်အဖြစ် သတ်မှတ် ခံရသည့် ရား ဒေသ အတွက် ရည်ရွယ်ကာ ယခုလို ပါတီပွဲကြီး ကျင်းပ ခဲ့ခြင်း ဖြစ်သည်။ လူဦးရေ ၅.၃ သန်း ကျော်မျှ နေထိုင်သည့် အဆိုပါ ဒေသသည် ဂျာမနီ၏ စက်မှု အဖွံ့ဖြိုးဆုံး နယ်ပယ် တစ်ခုလည်း ဖြစ်သည်။

ပါတီပွဲတွင် ခုံပေါင်း ၂၀၀၀၀ ကျော်မျှကို လမ်းမပေါ် ခင်းကျင်းထားကာ ကမ္ဘာ့အရှည်ဆုံး ဂုဏ်ပြုထမင်းစားပွဲအဖြစ် တည်ခင်းကြသည်။ ကောင်းကင်မှ ရိုက်ကူးထားသည့် ပုံရိပ်များအရ တစ်နာရီ မိုင် ၁၀၀ နှုန်းမျှ အရှိန်တင် မောင်းနှင်သော လမ်းမကြီးမှာ ပါတီပွဲလာ ဧည့်ပရိသတ်များဖြင့် ပြည့်ကြပ်နေသည်ကို မြင်ကြရသည်။ မြောက်ပိုင်း ရိုင်း-ဝက်စဖေးလီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဟန်နီလောခရက်က ယခုပါတီပွဲမှာ အလွန်ကြီးကျယ်ပြီး ပျော်စရာကောင်းကြောင်း၊ A40 လမ်းမကြီးကို မကြာခဏ ဖြတ်သန်းသွားဖူးသည့်တိုင် ယင်းကဲ့သို့ မြင်ကွင်းမျိုး မကြံုဖူးသလို နောက်တစ်ကြိမ် မြင်နိုင်ရန်လည်း ခဲယဥ်းမည်ထင်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here