ခွေးများအတွက် ပထမဆုံး​ ရေခဲမုန့်ဆိုင် ဗြိတိန်တွင်​ ဖွင့်လှစ်

alt

ဗြိတိန်တွင် ခွေးများ အတွက် ပထမဆုံး ရေခဲမုန့်ဆိုင်ကို ဖွင့်လှစ် လိုက်ပြီ ဖြစ်သည်။ K99 ဟု အမည် ပေးထားသည့် ဗင်ကားလေးဖြင့် ရောင်းချပြီး Scooby Doo ကာတွန်းမှ ပုံများဖြင့်

အလှခြယ်ထားသော ဆိုင်လေးသည် အေးမြသော ရေခဲမုန့်တွင် သာမန် အချိုများ အပြင် ခွေးများ အကြိုက် ကြက်သားနှင့် ဝက်ပေါင်ခြောက် တို့ကိုပါ ထည့်သွင်း ပြုလုပ်ပေးထားသည်။

လန်ဒန်မြို့ရှိ ရီဂျန့် ဥယျာဥ်တွင် ဇူလိုင်လ ၁၈ ရက်နေ့က စတင် ရောင်းချသည့် ရေခဲမုန့်ဆိုင်မှာ အရသာ နှစ်မျိုး ပြုလုပ်ပေးပြီး dog eat hog worldမှာ အချွန်ပုံ ဝေဖာပေါ်တွင် ဝက်ပေါင်ခြောက်၊ ကြက်သား တို့ကိုရောပြီး ရေခဲမုန့်ထိပ်တွင် ဘီစကွတ်လေး တင်ထားပေးသည်။ နောက်တစ်မျိုးဖြစ်သည့် cannie cookie crunchမှာမူ ခွေးများ အကြိုက် ဘီစကွတ်နှင့် ရေခဲမုန့်တို့ကို ရောနှော ဖန်တီးထားသည်။ ခွေး ရေခဲမုန့်ဆိုင်ကို စိတ်ကူး ဆန်းဆန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဘွမ်မာရိန်း အိမ်မွေးတိရစ္ဆာန် ဝန်ဆောင်မှုဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဗြိတိသျှ လူမျိုးများသည် အဓိကအားမြင့် နွေလများတွင် ရေခဲမုန့် စားလေ့ရှိပြီး နှစ်စဥ် တစ်ဦးလျင် ပျမ်းမျှ ရေခဲမုန့် ၅၀ မျှထိ စားလေ့ရှိကြောင်း၊ ခွေးချစ်သူများအနေနှင့်လည်း ၎င်းတို့နှစ်သက်သည့် အစားအစာကို မိမိတို့၏ ခွေးလေးများပါ စားစေလိုသည့် ဆန္ဒရှိမည်ဟု ယူဆသဖြင့် ယခုဆိုင်အား ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားသွားသည်။

ဗြိတိန်တွင် ခွေးကောင်ရေ ၁၀.၅ သန်းကျော် ရှိနေသည်။ ခွေးများအတွက် ရေခဲမုန့်ကို ဖန်တီးပေးနေသည့် ဦးဆောင်စားဖိုမှူး ဆီရစ်နေးက အတွေ့အကြံုသစ်အတွက် ပျော်ရွှင်မိကြောင်း၊ ခွေးများသည် မိမိ၏ လက်ရာကို သဘောကျသဖြင့် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ကနဦး အခြေအနေအရ ခွေးအများစုသည် ရေခဲမုန့် တစ်ခုထဲဖြင့် မတင်းတိမ်ကြဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here