ဝေ​လငါး​ ​တိုက်​ခိုက်​မှု​ခံ​ခဲ့​ရ​သည့်​ ​ဗြိ​တိန်​စုံ​တွဲ

alt

ဗြိတိန်မှ စုံတွဲတစ်တွဲသည် တောင်​ အာဖရိက​ နိုင်ငံတောင်ပိုင်း ကမ်းလွန်​ ရေပြင်တွင် ဝေလငါးများ၏ လှုပ်ရှား​ သွားလာမှုကို အပျော်​ ခရီးစဥ်​ အဖြစ် သွားရောက်​ လေ့လာ ကြည့်ရှုရာမှ

ဝေလငါး​ တစ်ကောင်၏ မတော်တဆ တိုက်ခိုက်မှုကြောင့် ထိတ်လန့်တကြား အတွေ့အကြံုမျိုး ရရှိသွားသည်။

အသက် ၅၉ နှစ်ရှိ ရက်ဖ်မိုသက်စ်နှင့် အသက် ၅၀ အရွယ် ပလိုမာ ဝါနာတို့ နှစ်ဦးသည် ဝေလ​ ငါးများကို အနီးကပ် သွားရောက်​ ကြည့်ရှုသည့် ခရီးစဥ်​ အတွင်း တန် ၄၀ အလေးချိန်​ ရှိပြီး အရှည် ၁၀ မီတာကျော်သည့် ဝေလငါးကြီး တစ်ကောင်က လှေပေါ်သို့ ခုန်တက်မှုနှင့် ကြံုခဲ့​ ရခြင်း​ ဖြစ်သည်။ ကံကောင်း​ ထောက်မစွာဖြင့် ယင်းတို့​ နှစ်ဦးလုံး အနာတရ မဖြစ်ခဲ့ကြချေ။ ဇူလိုင်လ ၂၁ ရက်နေ့က ကိပ်တောင်းမြို့ ကမ်းလွန်​ ရေပြင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအား အနီးရှိ လှေတစ်စင်းမှ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက မှတ်တမ်း​ ဓာတ်ပုံ ရိုက်ထား​ လိုက်နိုင်ခဲ့သည်။ Southern Right​ အမျိုးအစား ဝေလငါးကြီးများသည် အမြင်​ အာရုံ စူးရှမှု မရှိဘဲ အသံဖြင့်သာ ဆက်သွယ်​ သွားလာလေ့ရှိကြရာ ယခုလှေအား မမြင်မစမ်းနှင့် ဝင်တိုက်မိခြင်း ဖြစ်နိုင်​ ဖွယ်ရှိသည်။ ရက်ဖ်ကလည်း ၎င်းတို့သည် ဝေလငါးများကို ကြည့်ရှုရန် စက်ပိတ်ထားသဖြင့် ဝေလငါးကြီးသည် ရည်ရွယ်ချက် မရှိဘဲ လှေပေါ်​ တက်လာခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကြီးမားလှသည့် သတ္တဝါကြီး ပိမိသဖြင့် အရှည် ၃၂ ပေရှိသည့်လှေသည် ရွက်တိုင်​ ကျိုးသွားပြီး ဆိုးဆိုးရွားရွား ထိခိုက်​ ပျက်စီးသွားသည်။ သို့သော်လည်း ကမ်းခြေသို့ အောင်မြင်စွာ ပြန်မောင်း​ လာနိုင်ခဲ့ကြောင်းလည်း ရက်ဖ်က ပြောကြားခဲ့သည်။ ရက်ဖ်က ထို​ သတ္တဝါကြီးအား လှေအနီး မချဥ်းကပ်​ လာမီကတည်းက လှမ်းတွေ့နေသလို လှေကို ဝင်တိုက်​ ပြီးနောက်လည်း မြင်ခဲ့သေးကြောင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။ Souther Right ဝေလငါးများသည် မျိုးသုဥ်း​ လုနီးပါး အခြေအနေနှင့် ကြံုနေရပြီး ၁၆ မီတာထိ ကြီးထွားကာ တန် ၆၀ ထိ အလေးချိန် ရှိနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here