​ပိတ်​ပင်​ထား​သည့်​ ​ညစ်​ညမ်း ဝက်​ဆိုက်​အ​ချို့​ တ​ရုတ်​ အ​စိုး​ရ ​ပြန်​ဖွင့်​ပေး

alt

တရုတ် အစိုးရသည် ၎င်းတို့ မူဝါဒ ချမှတ်ကာ လိုက်လံ ပိတ်ဆို့ ခဲ့သည့် ညစ်ညမ်း ဝက်ဆိုက် အချို့တို့အား ပြည်တွင်းတွင် ပြန်ဖွင့်ပေး လိုက်ကြောင်း သိရသည်။

ယခုအခါ တရုတ် နိုင်ငံ အတွင်းတွင် မြောက်မြား စွာသော ညစ်ညမ်း ဝက်ဆိုက်နှင့် Blog များကို အသုံးပြု ကြည့်ရှု နေနိုင်ပြီဟု နည်းပညာ Blogger ဝီလျံလွန်းက ပြောကြားခဲ့သည်။ တရုတ် အစိုးရသည် ညစ်ညမ်း ဝက်ဆိုက်များကို ကာလ အတန်ကြာ ပိတ်ဆို့ ခဲ့သလို ထိုဝက်ဆိုက်များ ရှာဖွေ သတင်းပေးပါက ဆုငွေ ချီးမြှင့်မှုများပင် ပြုလုပ် ခဲ့သေးသည်။ ယခု ကဲ့သို့ အဖော်အချွတ်နှင့် ညစ်ညမ်း ဝက်ဆိုက်များ ပြန်လည် ကြည့်ရှုခွင့် ရနေခြင်းသည် နည်းပညာ ချွတ်ယွင်းမှုကြောင့်လား၊ အာဏာပိုင်များက တရားဝင် ပြန်လည် ခွင့်ပြု ခဲ့ခြင်းလား ဆိုသည်အား တိတိကျကျ မသိရသေးပေ။

ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ တရုတ် အင်တာနက် သုံးစွဲသူများ ပြန်လည် ကြည့်ရှုခွင့် ရနေခြင်းသည် အများစုက ထိုဝက်ဆိုက်များအပေါ် အာရုံရောက်နေခြင်းဖြင့် နိုင်ငံရေးဖက်တွင် စိတ်မလည်စေရန် အကွက်ဆင်ထားခြင်းဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ တရုတ်အစိုးရသည် ၎င်းတို့၏ ပြောင်းလဲလိုက်သည့် မူဝါဒနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပေးသေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here