က​မ္ဘာ့​ဖ​လား​ ​စ​တား​ ​ရေ​ဘ​ဝဲလ်​​ ပေါလ်​အား​ ​စ​ပိန်​ ​နိုင်ငံ​က​​ ဂုဏ်ထူးဆောင် ဘွဲ့​ ချီး​မြှင့်

alt

ပြီးခဲ့သည့် ကမ္ဘာ့​ ဖလား ဘောလုံး​ ပြိုင်ပွဲ ကာလ​ အတွင်းက ဂျာမနီ​ အသင်း၏ ပွဲစဥ်​ ရလဒ်များနှင့် ဗိုလ်လုပွဲ​ အဖြစ် ဟော်လန်အား စပိန်က အနိုင်ယူသည့် ပွဲစဥ်တို့တွင် ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်း​ ပေးခဲ့သည့်

ရေဘဝဲလေး​ ပေါလ်မှာ စပိန်တွင် ဂုဏ်ထူးဆောင် နိုင်ငံသား​ ဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

စပိန်​ အသင်းအတွက် ပထမဆုံး ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခွင့်​ ရခဲ့သည့် ပြိုင်ပွဲကြီးတွင် ပေါလ်​ အနေနှင့် စပိန်​ အသင်း ချန်ပီယံ​ ဖြစ်မည်ဟု ကြိုတင်​ ခန့်မှန်းခဲ့သလို အမှန်တကယ်လည်း ဖြစ်ခဲ့သည့်နောက် စပိန်တွင် ၎င်းအား ချစ်ခင်သူ အမြောက်အမြား ရှိလာခဲ့သည်။ စပိန်​ အနောက်မြောက်ပိုင်း မြို့ကလေးဖြစ်သည့် ကာဘာလီနိုမှ မြို့တော်ဝန် ကားလို့မွန်းတက်သည် ဂျာမနီ​ နိုင်ငံ၊ အိုဘာဟိုဆန်မြို့ရှိ ငါးပြတိုက်သို့ ရောက်ရှိလာခဲ့စဥ် ပေါလ်အား ယခုလို ဂုဏ်ပြု​ ချီးမြှင့်​ ခဲ့ခြင်း​ ဖြစ်သည်။ မြို့တော်ဝန်၏ ပြောရေး​ ဆိုခွင့်ရပုဂ္ဂိုလ်က ပေါလ်သည် ဆုချီးမြှင့် ခံရသည့်အတွက် နှစ်ခြိုက်​ ပျော်ရွှင်ဟန်ရှိကြောင်း ပြောကြားခဲ့သည်။ အင်္ဂလန်မှ ဂျာမနီသို့ သယ်ဆောင်​ မွေးမြူထားသည့် ၃ နှစ်သား ရေဘဝဲလေးသည် တောင်​ အာဖရိကတွင် ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံး​ ပြိုင်ပွဲကြီး​ အတွင်း ဂျာမနီ​ ကစားခဲ့သည့် ပွဲစဥ် ရ ပွဲလုံးနှင့် ဗိုလ်လုပွဲတို့ကို အမှားအယွင်းမရှိ အဖြေမှန်အောင် ခန့်မှန်းသွားခဲ့သည်။

ကာဘာလီနိုမြို့သည် ဩဂုတ်လဆန်းတွင် ပြုလုပ်ကျင်းပမည့် ရေဘဝဲပြပွဲတွင် ပါဝင်ရန် ပေါလ်အား​ ဖိတ်ခေါ်ထားသော်လည်း ပေါလ်ကို ထိန်းသိမ်း​ စောင့်ရှောက်သူများက ငြင်းဆို​ ထားသည်။ ပေါလ်အား စပိန်မြေသို့ ဝယ်ယူထားရန် ကြိုးပမ်း​ နေသူများလည်း ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here