​GPS ခြေ​ရာ​ခံ​ စနစ်​ ထည့်​ထား​သည့်​ iPhone​ ကို​ ​ခိုး​မိ​လို့​ ​၉​ မိ​နစ်​​ အ​တွင်း​ ​အ​ဖမ်း​ခံ​ရ

alt

လူတစ်ဦးသည် အမျိုးသမီး တစ်ဦး ထံမှ iPhone ကို ခိုးမိပြီး ၉ မိနစ် အတွင်း အဖမ်းခံ လိုက်ရကြောင်း သိရှိရသည်။ ဆန်ဖရန် ဆစ်စကိုရှိ ကံဆိုးသော သူခိုးမှာ

ကမ္ဘာလုံး ဆိုင်ရာ ခြေရာခံ စနစ် GPS Software တစ်ခုအား အစမ်း ထည့်သွင်းထားသည့် ဖုန်းကိုမှ တိုက်တိုက် ဆိုင်ဆိုင် ခိုးယူ မိခဲ့ခြင်း ဖြစ်သည်။

ဖုန်းပိုင်ရှင်မှာ ဖုန်းပျောက် သွားကြောင်း သိသိချင်းပင် ရဲအား အကြောင်းကြားခဲ့ပြီး ရဲများက ၎င်းအား Software အကူအညီဖြင့် အလွယ်တကူပင် ခြေရာခံ နိုင်ခဲ့သည်။ Covia ကုမ္ပဏီက တီထွင်သည့် အဆိုပါ Software မှာ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေ သေးကြောင်း Covia မှ CEO ဖြစ်သူ ဒေးဗစ်ခန်းက ဆိုသည်။ ခန်းက ယခု Software ကို အသုံးပြုကာ မြေပုံမှ တဆင့် ဖုန်း၏ တည်နေရာကို ခြေရာခံ နိုင်ပြီး ဖုန်းခိုးသွားသူ ​ရောက်​နေ​သည့်​ ​နေ​ရာကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

ဒုက္ခများ​ စေမည့်ဖုန်းကို ရွေးခိုးမိသူ ဟိုရာတီယို တိုရေးမှာ ဖုန်းခိုးခဲ့ပြီး ၉ မိနစ်တွင်ပင် အဖမ်းခံရခြင်းဟု ပြောကြား​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here