ရင်​သား​ ကင်​ဆ​ာ​ကြောင့်​​ သေ​ဆုံး​သည့်​ ​အ​သက်​ အငယ်ဆုံး​ ​ဗြိ​တိန်​နိုင်ငံ​သား

alt

ဗြိတိန် နိုင်ငံတွင် အသက် ၂၈ နှစ် အရွယ် လူငယ် တစ်ဦးသည် ရင်သား ကင်ဆာကြောင့် သေဆုံးသည့် အသက် အငယ်ဆုံး အမျိုးသား ဖြစ်လာ ခဲ့ကြောင်း သိရသည်။

နစ်ကီအေဗီရီသည် ဇူလိုင်လ ၂၀ ရက်နေ့က ကွယ်လွန် ခဲ့ပြီ ဖြစ်ကြောင်း ဆေးရုံမှ ကြေညာသည်။ ၎င်းသည် အမျိုးသားများတွင် ဖြစ်ခဲလှသည့် ရင်သား ကင်ဆာ ရောဂါကို လွန်ခဲ့သည့် ၄ နှစ် လုံးလုံး ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ နစ်ကီသည် ထိုရောဂါ မဖြစ်မီ အချိန်က အဆိုပါ ကင်ဆာသည် အမျိုးသားများတွင် မဖြစ် နိုင်ဟုသာ ထင်ထားခဲ့သူ ဖြစ်သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ်တွင် ရင်သား ကင်ဆာ ဖြစ်ပွား နေကြောင်း သိရှိလာခဲ့သည်။

နစ်ကီ၏ ရင်ဘတ်မှ အဖုအကြိတ်ကို ၎င်း၏ ချစ်သူက မသင်္ကာသဖြင့် ဆရာဝန်နှင့် ပြရန် အတင်း တိုက်တွန်းခဲ့ရာမှ နစ်ကီ တစ်ယောက် ဂရုမပြုဘဲ ထားသည့် အရာမှာ ကင်ဆာ ကြိတ်မှန်း အထိတ်တလန့် သိလာခဲ့သည်။ အသားစယူ စစ်ဆေးမှုများက နစ်ကီ၏ ကင်ဆာမှာ ပြင်းထန်ကြောင်း ဖော်ထုတ် လာနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်မူ ရောဂါမှာ ဆိုးဆိုး ရွားရွား ပျံ့နှံ့နေကြောင်း အတည်ပြုခဲ့သည်။

ရင်သားကင်ဆာ ရောဂါသည် ဗြိတိန်တွင် လူသေပျောက်မှု အမြင့်ဆုံး ရောဂါများ အနက် တစ်ခု ဖြစ်သော်လည်း အများစုမှာ အမျိုးသမီးများသာ ခံစား ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here