အီ​ဘစ်​ဇာ​​ မ​ဂ္ဂ​ဇင်း​​ အ​တွက်​ ​​ဓာတ်​ပုံ​​ အ​ရိုက်​ခံ​သ​ည့်​ ​ရှာ​ကီ​ရာ​၏​ ​အ​လှ

alt

ရှာကီရာသည် ပန်းရောင်​ ဘစ်ကနီနှင့် ရှည်လျားသော ဂါဝန်ကြီးကို ဝတ်ဆင်ကာ အီဘစ်ဇာ မဂ္ဂဇင်း​ အတွက် ဓာတ်ပုံ​ အရိုက်ခံ​ ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလား ဘောလုံး​ ပြိုင်ပွဲ၏ အဖွင့်သီချင်း Waka Waka​ ကြောင့် ပရိသတ်ကြား ရေပန်း​ စားနေသည့် Pop​ အဆိုတော်သည် မဂ္ဂဇင်း​ အတွက် ပန်းခင်းများ​ ကြားတွင် ထိုကဲ့သို့ ပေါ်လွင်​ ထင်ရှားလှသည့် ဝတ်စုံဖြင့် အလှဓာတ်ပုံ အရိုက်ခံ​ ခဲ့ခြင်းဖြစ်သည်။ သွယ်လျပြီး အချိုးအဆစ် ကျန​ သည့် ခန္ဒာကိုယ်အား ထိန်းသိမ်း​ ထားနိုင်သည့် အသက် ၃၃ နှစ်​ အရွယ် အဆိုတော် ဝတ်ဆင်​ ထားသည့် ဂါဝန်ရှည်ကြီးမှာ ရ ပေထိ အရှည်ရှိပြီး စပိန်စတိုင် ချုပ်လုပ်ထားခြင်း​ ဖြစ်သည်။ ကိုလံဘီယာဖွား She Wolf အဆိုတော်သည် နောက်လထုတ် အီဘစ်ဇာ မဂ္ဂဇင်း မျက်နှာဖုံး​ အတွက် ဓာတ်ပုံ​ အရိုက်ခံခဲ့ခြင်း​ ဖြစ်သည်။ သူမက Waka Waka သီချင်းအား သီဆိုခွင့် ရခဲ့ခြင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့ဖလား၏ ထင်ရှားသော အစိတ်အပိုင်း​ တစ်ခုမှ ပါဝင်ခွင့် ရခဲ့ခြင်းအပေါ် ဂုဏ်ယူ​ မိကြောင်းလည်း ပြောကြား​ ထားသည်။

ရှာကီရာသည် Teen Choice ဆု​ အတွက် အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆု အပါအဝင် ဆု​ နှစ်ခု​ အတွက် အမည်​ စာရင်း တင်သွင်း​ ခံထား​ ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here