အ​ပူ​ပိုင်း​ မုန်​တိုင်း​ဘို​နီ​ မ​က္က​စီ​ကို​ ပင်​လယ်​ကွေ့​သို့ဦး​တည်

alt

အပူပိုင်းမုန်တိုင်း ဘိုနီမှာ တစထက် တစ နီးကပ် လာသည့်နောက် မက္ကစီကို ပင်လယ်ကွေ့ အတွင်း ရေနံ ယိုစိမ့်မှုကို ထိန်းချုပ်ရန် ဆောင်ရွက် နေသည့် သင်္ဘောများမှာ အဆိုပါ ဒေသကို စွန့်ခွာ ခဲ့ပြီ ဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်နေ့က BP ကုမ္ပဏီ၏ ရေနံ ယိုစိမ့်မှု ဖြစ်ပွားနေသော တူးဖော်စင်နှင့် ပတ်ဝန်းကျင်တွင် သင်္ဘောများကို အသွားအလာ ရှင်းလင်းထားပြီး ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ကမ်းခြေစောင့် တပ်ဖွဲ့က အဆိုပါ နေရာတွင် သင်္ဘောများ ရပ်နားထားမှုကို အနည်းဆုံး ၂၄ နာရီမျှ ရပ်ဆိုင်း ထားရမည်ဟု ပြောကြားထားသည်။ ဘိုနီ မုန်တိုင်းသည် လူပေါင်း ၁၁ ဦး သေဆုံးခဲ့ရာ ဧပြီ ၂၀ ရက်နေ့ ရေနံ မျှော်စင် ပေါက်ကွဲပြီး သမုဒ္ဒရာ အောက်မှ ယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသသို့ ဦးတည် ရွေ့လျား လာခြင်း ဖြစ်သည်။ BP သည် လက်တလောတွင် ရက်ပေါင်း ၈၀ ကျော် ကြာမြင့် ပြီးနောက် ရေနံ ယိုစိမ့်မှုအား စတင် ထိန်းသိမ်း နိုင်ပြီဟု ကြေညာခဲ့သော်လည်း မုန်တိုင်းကြောင့် အောင်မြင်မှု ရရှိနေသည့် လုပ်ငန်းများ အား ခေတ္တ ဆိုင်းငံ့ ထားရသည်။

BP ကမူ လှိုင်းလေလွတ်ရာ နေရာတွင် လုပ်သားများသည် ၎င်းတို့၏ စတီးပိုက်များ ဆက်သွယ်ခြင်းကဲ့သို့ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။ BP ကုမ္ပဏီသည် အကုန်အကျ သက်သာစေရန်အတွက် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အန္တရာယ်များသည့် လုပ်ဆောင်မှုများကို ခွင့်ပြုထားကြောင်း စွပ်စွဲမှုများကိုလည်း ငြင်းဆန်ထားရသည်။ BP၏ လူသိများသော အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဂျွန်ဂိုက်က လက်ရှိအနေအထားအရ ငွေကြေးသည် စီစစ်နေရမည့် ကိစ္စတစ်ခု မဟုတ်တော့ဟု ပြောကြားခဲ့သည်။ BP သည် ယခုအခါ ရေနံလိုင်းများ ပိတ်ဆို့ရာတွင် ရက်ပေါင်းအနည်းငယ် ပိုကြာကာ ဒေါ်လာ ရ သန်းမှ ၁၀ သန်းခန့်ထိ အကုန်အကျ ပိုများသော်လည်း လုံခြံုစိတ်ချရမှု မြင့်မားသည့် Liner-tiebackဆိုသော နည်းစနစ်ကို အသုံးပြုရန် စီစဥ်ထားကြောင်း ဂျွန်က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here