သေဆုံးပြီးသူတို့၏ ရုပ်အလောင်းများကို နေအိမ်ထဲ​ ပြန်လည် ယူဆောင်ထားသည့် အမေရိကန် အမျိုးသမီးကြီး

alt

အ​မေ​ရိကန်​နိုင်ငံ​မှ အ​သက်(​၉၁)​နှစ်​အ​ရွယ်​​ အ​ထီး​ကျန်​​ မု​ဆိုး​မ​ကြီး​​ တစ်ဦး​သည်​သေ​ဆုံး​သွား ​ပြီ​ဖြစ်​သော ရုပ်​အ​လောင်း​များ​ကို​​ ပြန်​လည်​​ တူး​ဖော်​ကာ ​နေ​အိမ်​ထဲ​သို့​ယူ​ဆောင်ထား ​ရှိ​သည့်​​ အ​တွက် အ​ရေး​ယူ​ခံ​ရ​မည့်​​ အ​ခြေ​အ​နေ​နှင့်​ ​ကြံု​နေ​ရ​သည်​။​

​ပင်​ဆယ်​ဗေး​နီး​ယား​ တွင် နေ​ထိုင်​ပြီး​တစ်​ကိုယ်​တည်း​​ ဘ​ဝ​ကို​​ ဖြတ်​သန်း​နေ​ရ​သည့်​​ ဂျင်း​စ​တီ​ဗင်​ သည် သူ​မ​၏​ခင်​ပွန်း​နှင့်​​ အ​မြွှာ​ညီ​မ​တို့​၏​အ​လောင်း​များ​ကို​​ တူး​ဖော်​ရ​ ယူ​ကာ အိမ်​ထဲ​တွင်​ပင်​​ ထား​ရှိ​ခဲ့​သည်​။​ ​သူ​မ​သည်​​ (​၁၉၉၉)​ခု​နှစ်​က​​ ကွယ်​လွန်​ ခဲ့​သ​ည့် ခင်​ပွန်း​သည်​​ ဂျိမ်း​စ​တီ​ဗင်​နှင့်​​ ပြီး​ခဲ့​သည့်​နှစ်​အောက်​တို​ဘာ​လ​က ဆုံး​ပါး​​ သွား​သော​​ ညီ​မ​​ ဖြစ်​သူ​​ ဂျွန်​စ​တီ​ဗင်​တို့​​ နှစ်ဦး​လုံး​၏​ ​အ​ လောင်း​များ​ကို ခိုး​ဝှက်​​ တူး​ဖော်​ကာ​​ အိမ်​ထဲ​သို့​​ ပြန်​ယူ​ခဲ့​ခြင်း​​ ဖြစ်​သည်​။​​ အိမ်​ခြေ ​ကြဲ​ပါး​ပြီး လူ​သူ​​ အ​ရောက်​​ အ​ပေါက်​​ နည်း​ပါး​သည့်​​ ကျေး​ရွာ​​ တစ်​ခု​တွင်​နေ​ထိုင်​သော​ ဂျင်း​မှာ အ​ဖွား​အို​တစ်ဦး​ထက်​​ တ​စ္ဆေ​​ တစ်ဦး​နှင့်​​ ပင်​ပို​တူ​ကြောင်း​​ အ​ပြော​​ အ​ဆို ခံ​နေ​ရ​သူ​လည်း​ ​ဖြစ်​သည်​။​​

သူ​မ​၏​ ​အ​လောင်း​များ​ ​ခိုး​ယူ​မှု​ကို​အ​များ​က သိ​ရှိ​ပြီး​နောက်​​ ဂူ​ဖောက်​မှု​ဖြင့်​တ​ရား​စွဲ​ ​ခံ​ရ​သည့်​အ​ခါ​​ ဂျင်း​က​တ​ ရား​သူ​ကြီး​အား အ​ဖော်​မဲ့​​ နေ​သည့်​​ သူ​မ​၏​​ လုပ်​ရပ်​အ​တွက်​​ ထောင်​ဒဏ်​ချ​ရန်​​ ဝန်​လေး​​ သင့်​ကြောင်း ခပ်​အေး​အေး​ပင်​​ ပြော​ကြား​ခဲ့​သည်​။​​ ခ​ရိုင်​​ တ​ရား​သူ​ကြီး​​ ဒင်​နီ​ရယ်​ဘား ​ရတ်​က ဂျင်း​၏​​ အ​မှု​​ အ​တွက်​​ အ​ပြီး​သတ်​​ စီ​ရင်​ချက်​ချ​ရန်​​ သီ​တင်း​ပါတ်​အ​တန်​ ကြာ အ​ချိန်​​ ယူ​ရဦး​မည်​ဟု​​ ပြော​ဆို​​ ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here