​၂၀၁၀​ ​ဓ​နသ​ဟာ​ယ​ နိုင်ငံ​များ​ ​အား​က​စား​ ပြိုင်​ပွဲ​တွင်​ ​အူ​စိန်​ဘော့​ ​ပါ​ဝင်​မည်​ မ​ဟုတ်

alt

၂၀၁၀ ဓနသဟာယ နိုင်ငံများ အားကစား ပြိုင်ပွဲတွင် အူစိန်ဘော့ ပါဝင် တော့မည် မဟုတ်ကြောင်း သိရသည်။ ဘေဂျင်းအိုလံပစ် ရွှေ တံဆိပ်ဆုရှင် အပြေး ချန်ပီယံသည် လန်ဒန် အိုလံပစ်တွင် ပိုမို အာရုံစိုက် နိုင်ရန် ယခု ပြိုင်ပွဲမှ နှုတ်ထွက် ခဲ့ခြင်း ဖြစ်သည်။

အိုလံပစ် ရွှေတံဆိပ် ၃ ခုကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ စံချိန်များ တင်ထားသည့် အသက် ၂၄ နှစ် ရှိ အပြေးသမားသည် ရုပ်ပိုင်း ကြံ့ခိုင်မှု အားမရသေး သဖြင့် ဓနသဟာယ ပြိုင်ပွဲကို ပါဝင် ယှဥ်ပြိုင်ခြင်း မပြုတော့ဟု ကြေညာခဲ့သည်။ ၎င်း၏ နည်းပြ ဂလန်မေးလ်က အူစိန်၏ ခြေဖနောင့် ဒဏ်ရာ ပျောက်ကင်းနေပြီ ဖြစ်သော်လည်း ခေတ္တ အနားယူရန် ဆုံးဖြတ် ထားကြောင်း ပြောကြား ထားသည်။ ၂၀၀၉ ခုနှစ် အတွင်းက ၁၀၀ မီတာနှင့် ၂၀၀ မီတာ အပြေးပွဲများတွင် ၉.၅၈ စက္ကန့်၊ ၁၉.၁၉ စက္ကန့်တို့ဖြင့် ကမ္ဘာ့ စံချိန်များ အသီးသီး တင်ထား နိုင်သည့် အူစိန်မှာ လူသားများ ပြုနိုင် ခဲအောင် စွမ်းဆောင်နိုင်သည့် မြန်နှုန်းမြင့် အင်ဂျင် အဖြစ်ပင် တင်စားခြင်း ခံရသူဖြစ်သည်။

အူစိန်သည် အိန္ဒိယ နိုင်ငံတွင် အောက်တိုဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပမည့် ဓနသဟာယ နိုင်ငံများ အားကစား ပြိုင်ပွဲတွင် ပါဝင် ယှဥ်ပြိုင်ရန် မူလက ရည်ရွယ် ထားခဲ့သော်လည်း ယခု အခါတွင် အစီအစဥ် ပြောင်းလဲကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here