ဒိုင်လုပ်သူကို မကျေနပ်၍ ဘရာစီယာဖြင့်ပစ်ပေါက်သည့် သီချင်းဆို ပြိုင်ပွဲဝင်သူ

alt

တရုတ်နိုင်ငံမှ သီချင်းဆို ပြိုင်ပွဲ​ တစ်ခုတွင် ပြိုင်ပွဲဝင် အမျိုးသမီး​ တစ်ဦးသည် ဆုံးဖြတ်ချက်ကို မကျေနပ်သည့်​ အတွက် သူမ​ ဝတ်ထားသည့် ဘရာစီယာကို​ ချွတ်ကာ ဒိုင်လူကြီးများအား ပစ်ပေါက်​ ခဲ့ကြောင်း သိရသည်။

J-Starz သီချင်းဆို ပြိုင်ပွဲကို ဝင်ရောက်​ ယှဥ်ပြိုင်သည့် ထိုင်ဝမ်​ အမျိုးသမီးတစ်ဦးသည် A-Mei​ ၏ Listen to the Sea​ သီချင်းကို ဆိုနေစဥ် အလယ်ပိုဒ်သို့​ အရောက် ဒိုင်များက ဆက်မဆိုရန် တားမြစ်ခြင်း ခံခဲ့ရသည်။ သို့သော် သူမက သီချင်းကို အကောင်းဆုံး ဆိုနိုင်သည်ဟု ယုံကြည်ကြောင်း စောဒက​ တက်ပြီးနောက် ဒိုင်များက နောက်တစ်ကြိမ် အခွင့်အရေးပေးကာ ခံစားချက်အပြည့် သီဆိုရန် တိုက်တွန်းခဲ့သည်။ ထိုတစ်ကြိမ်တွင်လည်း အမျိုးသမီးမှာ သီချင်း​ မပြီးခင် တားမြစ်ခံခဲ့ရပြန်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒိုင်များနှင့် အပြန်အလှန် စကားများခဲ့ပြီးနောက် အမျိုးသမီးက သူမ၏ အင်္ကျီအောက်မှ ပန်းရောင်ဘရာစီယာကိုချွတ်ပြီး ဒိုင်များအား ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုဘရာစီယာသည် ဒိုင်(၃)ဦးအနက် အလယ်တည့်တည့်တွင် ထိုင်နေသည့် ထိုင်ဝမ်​ နာမည်ကျော် အကနည်းပြ ဂျေးချူးအား တည့်တည့်​ မှန်ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here