နှာ​ချေ​သည့်​အ​ခါ​ လူ​၄ဦး​တွင်​ ​၁ဦး​က​ ​ပါး​စပ်​ကို​ ပိတ်​ဆို့​ ကာ​ကွယ်​ ထား​လေ့​မ​ရှိ

alt

ပုံမှန် အားဖြင့် နှာချေသည့် အခါ လူ ၄ ဦးတွင် ၁ ဦးသည် ၎င်းတို့၏ ပါးစပ်ကို ပိတ်ဆို့ ကာကွယ်ခြင်း မရှိကြောင်း သိရသည်။ လူတုပ်ကွေး ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ကောက်ခံသော စစ်တမ်း တစ်ခု အရ

လူထူထပ်သည့် နေရာများတွင် လူ ၄ ဦး အနက် ၁ ဦးမျှသည် နှာချေသော်လည်း ပါးစပ်နှင့် နှာခေါင်းကို မကာကွယ်ကြဟု စစ်တမ်း တစ်စောင်က ညွှန်ပြ​ လျက် ရှိသည်။

နယူးဇီလန် နိုင်ငံ၊ ဝယ်လင်တန်မြို့ရှိ အိုတာဂို တက္ကသိုလ်မှ ပရော်ဖက်ဆာ နစ်ဝီဆင်က လက်ထဲတွင် လက်ကိုင် ပုဝါကဲ့သို့ ပစ္စည်းမျိုး ရှိမနေသည့်တိုင် နှာချေ လိုက်ချိန်တွင် လက်ဖြင့် အုပ်လိုက်ခြင်းဖြင့် ဗိုင်းရပ်စ်များ ကူးစက်မှုကို အတန်အသင့် လျော့ကျ စေကြောင်း ပြောကြား​ ခဲ့သည်။ လူပေါင်း ၃၈၄ ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့ နှာစေး​ ချောင်းဆိုး ဖြစ်နေချိန်တွင် ပါးစပ်နှင့် နှာခေါင်းအား မပိတ်​ မကာသူမှာ ၂၆.၇ ရာခိုင်နှုန်းထိ ရှိနေကြောင်း ပရော်ဖက်ဆာ ဝီဆင်က ပြောကြားခဲ့သည်။ စစ်တမ်း​ အရ ၃၀ ရာခိုင်နှုန်းခန့်သည် တစ်သျှူး​ စာရွက် (သို့မဟုတ်) လက်ကိုင်​ ပုဝါကို ဆောင်လေ့​ ရှိကြောင်း သိရသည်။ ရ၇ ရာခိုင်နှုန်းကမူ အကျင်္ီ တံတောင်ဆစ်ဖြင့် နှာခေါင်းနှင့် ပါးစပ်ကို သုတ်လေ့ ရှိသည်ဟု ဆိုသည်။ ထို့အပြင် လူများသည် ဆေးရုံတွင်​ ပင်ဖြစ်စေ ကြမ်းပြင်ပေါ်သို့ တံတွေး​ ထွေးမိ​ လေ့ရှိကြောင်း စစ်တမ်းက ဖော်ပြ​ ထားသည်။

ကမ္ဘာပေါ်တွင် ကပ်ရောဂါအသွင် ဆောင်ခဲ့သည့် လူတုပ်ကွေးနှင့် ပတ်သက်ပြီး သဘာဝ​ အားဖြင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကာကွယ်မှု အမူအကျင့်များမှာ အားနည်း​ နေဆဲဖြစ်ကြောင်း ပရော်ဖက်ဆာ ဝီဆင်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here