အ​မေ​ရိ​ကန်​နှင့်​တောင်​ကို​ရီး​ယား​ ​ပူး​တွဲ​ စစ်​ရေး​ လေ့​ကျင့်​မည့်​ ​အ​စီ​အ​စဥ်​ ရပ်​ဆိုင်း​ရန်​ ​မြောက်​ကို​ရီး​ယား သ​တိ​ပေး

alt

မြောက် ကိုရီးယား နိုင်ငံက အမေရိကန်နှင့် တောင် ကိုရီးယားတို့ ယခု သီတင်းပါတ်ကုန်တွင် စစ်ရေး လေ့ကျင့်မှု ပူးပေါင်း လုပ်ဆောင်မည့် အစီအစဥ်အား ရပ်ဆိုင်းရန် သတိပေး တောင်းဆို လိုက်သည်။

ထို့အပြင် ကိုရီးယား ရေလက်ကြားတွင် နျူကလီးယား ကင်းစင်ရေး ရည်ရွယ်ချက်အား ဆန့်ကျင်ကာ နျူကလီးယား လက်နက်များ တိုးချဲ့ နေသည့် မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံ အပေါ် အမေရိကန်က ပိတ်ပင်မှုများ တိုးမြှင့်ရန် ဆောင်ရွက် နေခြင်းကိုလည်း တရားဝင် ကန့်ကွက် လိုက်သည်။ အရှေ့တောင် အာရှ ဒေသတွင်း အစည်းအဝေး တစ်ခုအတွက် ဗီယက်နမ်တွင် ရောက်ရှိနေသည့် မြောက် ကိုရီးယား ကိုယ်စားလှယ် အဖွဲ့မှ ရီတွန်အီက အမေရိကန် အနေနှင့် ကိုရီးယား ရေလက်ကြားတွင် လုံးဝ နျူကလီးယား ကင်းစင်ရန် အမှန်တကယ် ရည်ရွယ်ပါက အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဖျက်သိမ်း သင့်ကြောင်း ပြောကြားသွားသည်။ တောင်နှင့်မြောက် ကိုရီးယား နှစ် နိုင်ငံသည် စစ်သင်္ဘော Cheonan နစ်မြုပ်မှု ကိစ္စကြောင့် ဆက်ဆံရေး ဆိုးရွားလျက်ရှိပြီး အမေရိကန်၏ ၎င်း၏ ဒီမိုကရေစီ မဟာမိတ်ဖက်မှ အပြည့်အဝ ရပ်တည်လျက်ရှိသည်။

အရှေ့တောင်အာရှ အစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံလုံးမှ ကိုယ်စားလှယ်များအပြင် အမေရိကန်၊ ဂျပန်၊ ကိုရီးယား နှစ် နိုင်ငံတို့ အပြင် အခြားသော နိုင်ငံပေါင်း ၁၇ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည်လည်း ဇူလိုင်လ ၂၂ ရက်နေ့က ဗီယက်နမ်သို့ ရောက်ရှိလာသည်။ တောင်ကိုရီးယားသည် လူပေါင်း ၄၆ ဦး သေဆုံးခဲ့သည့် စစ်သင်္ဘော နစ်မြုပ်မှု အတွက် မြောက်ကိုရီးယားအား တရားဝင် ဝန်ချ တောင်းပန်ရန် တောင်းဆိုထားပြီး မြောက်ကိုရီးယားကမူ ထိုကိစ္စသည် ၎င်းတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here