​အဲ​ဗစ်​ပရက်​စ​လေ​အား​ ​ရင်​ခွဲ​​ စစ်​ဆေး​ခဲ့​သည့်​ ​ကိ​ရိ​ယာ​များ​ ​လေ​လံ​တင်​ ရောင်း​ချ​မည်

alt

နာမည်ကျော် အဆိုတော် အဲဗစ်ပရက်စလေ သေဆုံးစဥ်က ရင်ခွဲ စစ်ဆေးခြင်း၊ ကြာရှည် ခံအောင် ဆေး စီရင်ခြင်းတို့ ပြုလုပ်ရာတွင် အသုံးပြုခဲ့သော ကိရိယာ တန်ဆာ ပလာများအား လေလံတင် ရောင်းချ သွားမည်ဟု သိရသည်။

ချီကာဂိုတွင် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် လေလံပွဲမှာ ပရက်စလေ သေဆုံးမှု ၃၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ ၄ ရက်တွင် ကျင်းပခြင်း ဖြစ်သည်။ လက်လီဟင်းမန်း လေလံ ဌာနက ပရက်စလေ၏ အလောင်း ခြေမတွင် ချိတ်ဆွဲ ထားသည့် ဂျွန်ဒိုး အမည်ပါ ဒုတိယ စာတန်းလည်း အဆိုပါ ပစ္စည်းများတွင် ပါဝင်မည်ဟု ဆိုသည်။ ပထမ စာတန်းမှာမူ ထိုစဥ်က အခိုးခံ ရသဖြင့် ပျောက်ဆုံး သွားသည်။ လေလံ ဌာနက ရင်ခွဲသည့် ကိရိယာများရော၊ ဈာပန အခမ်းအနား မတိုင်မီ အလောင်းကို ကြာရှည်ခံအောင် ဆေးစီရင်ရာတွင် အသုံးပြုသော ကိရိယာများပါ ရောင်းချ သွားမည်ဟု ဆိုသည်။ ယင်းတို့ အနက် ဆေးရုံသုံး ရာဘာလက်အိတ်များ၊ အလောင်းပြင်ရာတွင် သုံးစွဲခဲ့သည့် ဘီးနှင့် မျက်တောင် ဆိုးဆေးများလည်း ပါဝင်ကြောင်း သိရသည်။

လေလံဌာနက အဆိုပါ ပစ္စည်းများကို Packageနှစ်ခုခွဲကာ ကြမ်းခင်းဈေး ဒေါ်လာ ၆၀၀၀၊ ဒေါ်လာ ၈၀၀၀ တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here