ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ အမြန်ဆုံး ကုသ ပျောက်ကင်း သွားသည့် ကလေးငယ်

alt

အသက် ၆ နှစ် အရွယ် ကလေးငယ် တစ်ဦးသည် ကမ္ဘာပေါ်တွင် ကင်ဆာ ရောဂါကို ကုသမှု အမြန်ဆုံးဖြင့် ပျောက်ကင်း သွားကြောင်း သိရသည်။

ရုရှား နိုင်ငံမှ ဒါယာအီဂါရီုဗာသည် ခြေထောက် အတွင်း အရိုးကင်ဆာ ဖြစ်ပွား ခဲ့ပြီးနောက် သူမ၏ ခြေတစ်ဖက်ကို ဆုံးရှုံး ရတော့မည့် အနေအထားနှင့် ကြံုခဲ့ရသည်။ သို့သော်လည်း လွန်ခဲ့သည့် ၆ လ ခန့်က ခေတ်မီ ဆန်းသစ်သော နည်းလမ်း တစ်မျိုးဖြင့် သူမ၏ ခြေထောက်မှ ကင်ဆာ ဖြစ်နေသော အရိုးကို ၃ နာရီ သာ ကြာသည့် Operation ဖြင့် ဖယ်ရှား လိုက်ပြီးနောက် ယခုအခါ လမ်းပြန် လျှောက်နိုင် နေပြီ ဖြစ်သည်။ ဒါယာသည် ဆေးရုံတွင် စွမ်းအင်မြင့် ရေဒီယို လှိုင်းများနှင့် ပြင်းထန်သော ကင်ဆာ ဆေးများဖြင့် ကုသမှုများ ခံ ခဲရ သေးသည်။ ကလေး မလေး၏ မိသားစုသည် ရုရှား နိုင်ငံမှ ဖြစ်သော်လည်း ခေတ်မီ သည့် ဆေးဝါး ကုသမှု နည်းစနစ်ကို ခံယူရန် အတွက် ဗြိတိန်သို့ လာရောက် ခဲ့ခြင်း ဖြစ်သည်။ အကနှင့် အားကစားကို စိတ်ဝင်စားသော မိန်းခလေးသည် ယခု​ အခါ ကင်ဆာ​ ရောဂါ အရှင်း​ ပျောက်​ သွားပြီဟု သိရသည်။ ဒါယာ၏ မိခင်​ ဖြစ်သူ အသက် ၄၁ နှစ်ရှိ အီရီနာက ခွဲစိတ်​ ဆရာဝန်များသည် အကောင်းဆုံး စွမ်းဆောင်​ နိုင်ခဲ့ကြောင်း၊ ဗြိတိန်သို့ ရောက်ရှိ​ နေစဥ် အစစ​ အရာရာ ကူညီခဲ့သည့် ကြင်နာတတ်သော ဗြိတိသျှ​ လူမျိုးများအား ကျေးဇူး​ အမြဲ တင်နေမည်​ ဖြစ်ကြောင်း ပြောကြား​ သွားသည်။

ဒါယာသည် ခွဲစိတ်မှု ခံယူပြီး နှစ်ရက်အကြာတွင် ချိုင်းထောက်ဖြင့် လမ်းစလျှောက်ရန် ကြိုးစားခဲ့သည်။ သူမသည် ခွဲစိတ်ခံပြီးနောက် တစ်ပါတ်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ လန်ဒန်ရှိ ဟာလေလမ်း ဆေးရုံမှ ဆရာဝန်များသည် ဒါယာ၏ ကင်ဆာဖြစ်နေသော အရိုးကို စနစ်တကျ ဖယ်ရှားကုသပေးခဲ့ခြင်းဖြစ်သည်။ ပေါင်စတာလင် ခုနစ်သောင်း ကုန်ကျသည့် Operationအတွက် လိုအပ်သော ငွေကြေးကို ရုရှားကင်ဆာရောဂါသည် စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက ကျခံခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များသည် ဒါယာ၏ ခြေထောက်ရှိ နှစ်လက်မစာမျှ အကြိတ်များ ဖြစ်နေသည့် ညို့သကျည်းရိုးကို သူမ၏ ခြေထောက်မှ လေးလက်မစာ ဖြတ်တောက်ဖယ်ရှားပေးခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များက ၂ နှစ်ကြာလျင် ပျက်စီးသွားသည့် အရိုးဆဲလ်များ နေရာတွင် ကျန်းမာသော ဆဲလ်များက အပြည့်အဝ​ အစားဝင်ရောက်ကာ သာမန်အခြေအနေ ရောက်ရှိလာမည်ဟု ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here