မီးပူမတိုက်ပေးသဖြင့် မိခင်ကို ချုပ်နှောင်ထားသူ အမျိုးသားအား အမေရိကန် ရဲတပ်ဖွဲ့​ ဖမ်းဆီး

alt

အ​မေ​ရိ​ကန်​ ​ရဲ​တပ်​ဖွဲ့​သည်​ ​မီး​ပူ​မ​တိုက်​ပေး​သည့်​ ​မိ​ခင်​အား​ ​ချုပ်​နှောင်​ထား​သူ​ ​တစ်ဦး​ကို​ ​ဖမ်း​ဆီး​​ ထား​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​သက်(​၂၉)​ ​နှစ်​ရှိ​ ​အ​ဆို​ပါ​ ​အ​မျိုး​သား​သည်​ ​ဇွန်​လ​ (​၃၀)​ ​ရက်​နေ့​က​

​ကာ​ရိုး​ကောင်​တီ​ရှိ​ ​နေ​အိမ်​တွင်​ ၎င်း​၏​မိ​ခင်​အား​ ​အ​ဝတ်​အ​စား​များ​ကို​ ​မီး​ပူ​တိုက်​ခိုင်း​ခဲ့​ရာ​ ​မိ​ခင်​က​ ​ငြင်း​ဆန်​သည့်​​ အ​တွက်​ ​ဖမ်း​ဆီး​​ ထား​ခြင်း​ဟု​ ​သိ​ရ​သည်​။​

​သို့​သော်​လည်း​ ​အသက်​ (​၅၁)​​ နှစ်​ရှိ​ ​အ​မျိုး​သ​မီး​သည်​ ​တ​စုံ​တ​ရာ​ ​အ​န္တ​ရာယ်​ ​မ​ရှိ​ခဲ့​ဟု​ဆို​သည်​။​ ​မိ​ဘ​များ​နှင့်​ပင်​ ​နေ​ထိုင်​သည့်​ ​ယင်း​အ​မျိုး​သား​က​ ​မီး​ပူ​တိုက်​ခြင်း​ကို​ အ​မျိုး​သ​မီး​များ​၏​ ​အ​လုပ်​ဟု​ဆို​ကာ​ ​မိ​ခင်​အား​ ​အ​တင်း​ခိုင်း​စေ​ခဲ့​ပြီး​ ​သူ​မ​က​ ​ငြင်း​ဆန်​သည့်​အ​တွက်​ ​ဖမ်း​ချုပ်​ထား​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​အ​မျိုး​သ​မီး​သည်​ ​အ​ချုပ်​အ​နှောင်​မှ​ ​လွတ်​မြောက်​ပြီး​ ရဲ​စ​ခန်း​သို့​ ​သွား​ရောက်​အ​ကြောင်း​ကြား​ရာ​မှ​ ​သား​ဖြစ်​သူ​မှာ​ ​အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​သည်​။​

​ရဲ​တပ်​ဖွဲ့​သည်​ ၎င်း​အား​ ​ပြန်​ပေး​မှု​ဖြင့်​ ​တ​ရား​စွဲ​ရန်​ ​စီ​စဥ်​နေ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ကာ​ရိုး​ကောင်​တီ​ ​ရဲ​တပ်​ဖွဲ့​မှ​ ​တာ​ဝန်ရှိ​သူ​ ​မတ်​ဂ​ရီ​ဖာ​က​ ​အ​ဆို​ပါ​ ​အ​မျိုး​သား​မှာ​ ​အာ​မ​ခံ​ပေး​မည့်​သူ​ ​မ​ရှိ​သော​ကြောင့်​ ​အ​ချုပ်​ထဲ​တွင်​ ​နေ​ရ​ဆဲ​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here