ထောင်က ထွက်လာသည့်အခါ ကိုယ်လုံးချွတ် သရုပ်ဆောင်မည့် လင်ဆေးလိုဟန်

alt

လင်းဆေးလိုဟန်သည် သူမ၏ ထောင်ဒဏ် ကျခံမှု ပြီးဆုံးချိန်တွင် ဆက်လက် ရိုက်ကူးမည့် ရုပ်ရှင် အတွင်း ပထမဆုံး အဖြစ် တစ်ကိုယ်လုံး ချွတ်ကာ အရိုက် ခံမည်ဟု သိရသည်။

၁၉၇၀ ပြည့် လွန်နှစ်များက နာမည်ကျော်ခဲ့သည့် Deep Throat စတား အဖော်အချွတ် မင်းသမီး လင်ဒါလိုဗာလေ့၏ အထုပ္ပတ္တိကို ပုံဖော် ရိုက်ကူးမည့် Inferno ဇာတ်ကားတွင် လိုဟန်၏ ပကတိ ကိုယ်နေဟန်ထားကို မြင်တွေ့ ရမည်ဟု သတင်းများက ဖော်ပြ ခဲ့သည်။ လိုဟန်သည် သူမ၏ အရက်မူးပြီး ကားမောင်းမှု၊ အာမခံ ဖောက်ဖျက်မှုများကြောင့် ထောင်ဒဏ် ရက်ပေါင်း ၉၀ ကို ဇူလိုင်လ ၂ဝ ရက်နေ့က စတင် ကျခံနေရပြီး ထောင်မှ ပြန်ထွက် လာချိန်တွင် အဆိုပါ ဇာတ်ကားအား ပြန်လည် ရိုက်ကူးရန် စီစဥ်ထားသည်။ ဒါရိုက်တာ မက်ဝိုင်ဒါက လိုဟန်၏ ရှေ့ပိုင်းကို လှစ်ဟ ပြမည် ဖြစ်သော်လည်း ယခု ဇာတ်ကားကို ညစ်ညမ်း ရုပ်ရှင် အဖြစ် မယူဆစေလိုကြောင်း၊ အဖော်အချွတ် မင်းသမီး တစ်ဦး အကြောင်း သရုပ်ဖော် ရိုက်ကူးနေသည်ကို အရှိအတိုင်း မြင်စေ လိုကြောင်း ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ လိုဟန်သည် ကယ်လီဖိုးနီးယားတွင် ပြစ်ဒဏ် ကျခံနေရပြီး ဒါရိုက်တာ ဝိုင်ဒါက သူမသည် ထောင်အတွင်း ကောင်းမွန်စွာ နေထိုင်သဖြင့် စောစီးစွာ ပြန်လည် လွတ်မြောက်လာရန် မျှော်လင့်ကြောင်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here