တရုတ်နိုင်ငံတွင် တစ်နှစ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ရ၀၁ ဦး အထိရှိလာ

alt

ယခုနှစ်အတွင်း တရုတ် နိုင်ငံတွင် ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက်မှာ ရ၀၁ ဦးထိ ရှိလာပြီ ဖြစ်သည်။ ယင်းမှာ ပြီးခဲ့သည့် ၁ဝ နှစ်တာ ကာလ အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ထက် ပိုများသည်။

တရုတ် တောင်ပိုင်းတွင် ရေလျှံမှုများ ဖြစ်ပေါ် နေခြင်းကြောင့် ယခုနှစ် အစောပိုင်းကတည်းက အနည်းဆုံး လူပေါင်း ၃၄၇ ဦး သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းများ ရှိခဲ့ကြောင်း ရေ အရင်းအမြစ် ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ ဇူလိုင်လ ၈ ရက်နေ့ကတည်းက ရေကြီးမှုများ အတွင်း သေဆုံးသူ ၁၈၇ ဦးနှင့် ပျောက်ဆုံးသူ ၁၇၃ ဦး ထပ်မံ တိုးပွားလာသည်။ တရုတ်တွင် အပူပိုင်း မုန်တိုင်း ချန်သူ တိုက်ခတ်မှုကြောင့် ဒေသကြီး ၁၅ ခုတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်လျက် ရှိသည်။ မိုးလေဝသ ခန့်မှန်း ပညာရှင်များက ချန်သူ မုန်တိုင်းသည် ဂွန်ဒေါင်း ကမ်းခြေသို့ ဇူလိုင် ၂၁ ရက်နေ့တွင် ဝင်ရောက်မည်ဟု ခန့်မှန်း ထားသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် အဆိုပါ ဒေသအတွင်း နေထိုင်သူများ လုံခြံုစိတ်ချရစေရန် စီမံဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ဌာနတိုင်းအား ပြီးခဲ့သည့် သီတင်းပါတ်ကတည်းက အမိန့်ထုတ်ထားသည်။ တရုတ်တွင် ဇူလိုင်လ ၈ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများကောင်း ယွမ်ငွေ ၃၈ ဘီလျံ ဆုံးရှံုးခဲ့ပြီး တစ်နှစ်လုံး အတိုင်းအတာဖြင့် ဆုံးရှုံးမှု တန်ဖိုးမှာ ၁၄၂ ဘီလျံယွမ်ထိ မြင့်တက်လာသည်။ ရေကြီးမှုများကြောင့် အိမ်ခြေ ၆၄၅၀၀၀ နှင့် စိုက်ပျိုးမြေ ဟက်တာ ရ သန်းကျော် ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here