ရုရှားတွင် အမြန်ဆုံးမောင်းနိုင်မည့် ဖော်မြူလာဝမ်း ပြိုင်ကားလမ်း တည်ဆောက်

alt

အမြန်ဆုံး မောင်းနှင် နိုင်မည့် ဖော်မြူလာဝမ်း ပြိုင်ကားလမ်း တစ်ခုကို ရုရှားတွင် တည်ဆောက် သွားမည်ဟု သိရသည်။ ရုရှား နိုင်ငံရှိ ဖော်မြူလာဝမ်း ပရိသတ်များ အနေနှင့် အဆိုပါ ပြိုင်ကွင်းတွင်

တစ်နာရီ ပျမ်းမျှ ၂၂၀ ကီလို မီတာထိ အရှိန်တင် မောင်းနှင် နေသော ပြိုင်ပွဲဝင် ကားများကို တွေ့မြင် ရမည်ဟု ကွင်း ဆောက်လုပ်ရေး Organizer​ များက ပြောကြား ခဲ့သည်။

မော်စကိုမြို့တွင် ဆောက်လုပ်မည့် ကား ပြိုင်ကွင်းသစ်ကို ၂၀၁၂ ခုနှစ်တွင် အပြီးသတ် နိုင်မည်ဟု မျှော်လင့်ထားသည်။ ပြိုင်ကားကွင်းသည် ၄၄၂၀ မီတာထိ ရှည်လျားပြီး အမြင့်ဆုံးနှုန်း တစ်နာရီ ၃၂၀ ကီလိုမီတာထိ အရှိန် တင်နိုင်မည်ဟု ရုရှား ဖော်မြူလာဝမ်း ကြော်ငြာနှင့် သတင်း ထုတ်ပြန်မှု ကော်မတီမှ ဗလာဒီမာ မာကာရော့က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပါတ်က ရုရှားတွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် ပထမဆုံး ရုရှား ဖော်မြူလာဝမ်း ကားမောင်းသမား ဗီတာလီ ပီထရော့ ပါဝင် ယှဥ်ပြိုင်ခဲ့ရာ အိမ်ခံ ပရိသတ်က အသက် ၂၅ နှစ်အရွယ် ကားမောင်း သမားအား အထူး အားပေးခဲ့သည်။

ယမန်နှစ် ဖော်မြူလာဝမ်း ချန်ပီယံဖြစ်သူ ဗြိတိန် နိုင်ငံသား ဂျန်ဆန်ဘာတန်ကလည်း ရုရှား ပရိသတ်၏ အားပေးမှုကို သဘောကျကြောင်း၊ မော်စကိုသို့ ရောက်လာပြီး ကရင်မလင် နန်းတော်ကြီးကို တွေ့ရသည့် အခါတိုင်း ခမ်းနားကြီးကျယ်လှသည်ဟု ခံစားမိကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here