Ebook ရောင်းချရမှု ရိုးရိုး စာအုပ်များထက် ကျော်လွန်

alt

ebookများ ရောင်းချ​ ရမှုသည် ပြီးခဲ့သည့် ၃ လ​ အတွင်း ရိုးရိုး​ စာအုပ်များ ရောင်းချ​ ရသည့် ပမာဏကို ကျော်လွန်​ သွားကြောင်း Amazon.com​ က ပြောကြား​ လိုက်သည်။

Amazon.com​ ၏ Online​ စတိုးတွင် ebook​ များရော၊ သာမန်​ စာအုပ်များပါ ဝယ်ယူ​ နိုင်ပြီး ယခုအခါ ယေဘုယျအားဖြင့် စာအုပ် ၁၀၀ ဝယ်ယူတိုင်း ebook ဝယ်ယူမှု ၁၄၃ ခုထိ ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့်​ လက​ ဆိုလျင် စာအုပ် ၁၀၀ ရောင်းချ​ ရတိုင်း ebook​ ပေါင်း ၁၈၀ မျှ​ ထိ ရောင်းနေ​ ရကြောင်း Amazon.com​ က​ ဆိုသည်။ Amazon.com​ သည် ၎င်း၏ ကိုယ်ပိုင် ebook reader​ ဖြစ်သည့် Kindle​ ကို တီထွင်​ ရောင်းချ​ နေရာ ၎င်း၏ ရောင်းအားလည်း တက်နေကြောင်း သိရသည်။ Kindle​ သည် ဈေးကွက်​ အတွင်း အဓိက​ ပြိုင်ဖက် ဖြစ်လာသည့် Apple​ ၏ iPad​ ကို ယှဥ်ပြိုင်ရန် ရောင်းဈေး ၁၈၉ ဒေါ်လာမှ ၂၅၉ ဒေါ်လာသို့ လျှော့ချ​ လိုက်ပြီးနောက် ရောင်းအား​ သုံးဆ တက်လာကြောင်း Amazon.com​ ၏ CEO​ ဖြစ်သူ ဂျက်ဘိုနက်က ပြောကြား​ ခဲ့သည်။ Amazon.com​ သည် ထုတ်ဝေသူများနှင့် ညှိနှိုင်း​ ထားသည့် ebook​ ပေါင်း ၆၃၀၀၀၀ ကျော်ကို ရောင်းချ​ ပေးနေ​ သလို ၁၉၂၃ ခုနှစ်​ မတိုင်မီ ထုတ်ဝေခဲ့သည့် မူပိုင်ခွင့် မငြိစွန်းသော စာအုပ်ပေါင်း ၁.၂ သန်းကျော်ကိုလည်း အခမဲ့ ဖတ်ရှုခွင့် ပေးထားသည်။

Apple​ သည်လည်း ၎င်းတို့၏ Tablet​ ကွန်ပျူတာ အမျိုးအစားသစ် iPad​ အား ထုတ်ဝေ​ ရောင်းချ​ ပြီးနောက် တစ်လ​ အတွင်း Apple​ စတိုးမှ ebook​ ပေါင်း ၁.၅ သန်း ရောင်းထွက်​ ခဲ့ကြောင်း သိရသည်။ Aamzon​ ကမူ ၃၃ လတာ ကာလ​ အတွင်း ebookများ ရောင်းချ​ ရသည့် ပမာဏမှာ ၁၂ သန်းကျော်​ သွားပြီဟု ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here