HIV ကူးစက်မှုကို ဟန့်တားနိုင်မည့် ဂျယ်အဆီ

alt

ပထမဆုံး​ အကြိမ်အဖြစ် ဂျယ်အဆီ တစ်မျိုးသည် AIDS​ ရောဂါ ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တား​ နိုင်ကြောင်း ဖော်ထုတ်​ တွေ့ရှိခဲ့သည်။

အမျိုးသမီးများ၏ ကိုယ်​ အင်္ဂါတွင် လိမ်းရသည့် အဆိုပါ​ ဂျယ်သည် ရောဂါ​ ဖြစ်နေသူထံမှ အမျိုးသမီးထံသို့ HIV​ ရောဂါပိုး ကူးစက်​ နိုင်ခြေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချ​ ပေးနိုင်ကြောင်း သုတေသီများက ဖော်ပြခဲ့သည်။ ယင်းသည် အာဖရိက​ တိုက်ရှိ ကွန်ဒုံး​ သုံးရန် ငြင်းဆန်သော ရောဂါပိုး သယ်ဆောင်သူများကြောင့် ဒုက္ခ​​ကြံုရသည့် အမျိုးသမီးများ​ အတွက် ရောဂါ​ တားဆီးရေး နည်းလမ်းရှာနေသော ပညာရှင်များ​ အတွက် အကြီးကျယ်ဆုံး အောင်မြင်မှု​ တစ်ခု ဖြစ်လာခဲ့သည်။

Microbicide ဟု အည်ပေးထားသောဂျယ်သည် အမေရိကန်ကဲ့သို့ နိုင်ငံများတွင် စမ်းသပ်အောင်မြင်ခဲ့ပြီး ဖြစ်သော်လည်း တောင်အာဖရိကတွင် ထပ်မံသုတေသန ပြုခဲ့သည်။ ပညာရှင်များက ဂျယ်၏ ရောဂါတားဆီးမှု စွမ်းရည်ကို ယခုထက် မြှင့်တင်နိုင်မည်ဟု မျှော်လင့်နေသည်။ ၎င်းတို့အနေနှင့် အမျိုးသမီးထုအတွက် မျှော်လင့်ချက်များ ပေးစွမ်းနိုင်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမှုဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ မိုက်ကယ်ဆာဒီဘီက ကုလသမဂ္ဂ၏ AIDS ရောဂါ တိုက်ဖျက်ရေး အစီအစဥ် ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။ အမေရိကန် ကျန်းမာရေးဆိုင်ရာ ပညာရေးဌာနမှ ဒေါကတာအန်သိုနီဖူဆီက Microbicide သည် အပေါင်းလက္ခဏာ ရလဒ်မျိုး ထွက်ပေါ်သည်ကို ပထမဆုံး အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းဂျယ်ကို စွဲမြဲစွာ သုံးနေခြင်းဖြင့် HIV ပိုးကူးစက်မှုကို တစ်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းမျှ လျော့နည်းစေမည်ဖြစ်ပြီး နှစ်နှစ်ခွဲမျှ ကြာသောကာလတွင်မူ ၃၉ ရာခိုင်နှုန်းမျှ လျှော့ချနိုင်မည်ဖြစ်သည်။ ယင်းဂျယ်ကို အမေရိကန်တွင်မူ ဖြန့်ချီခွင့်ရရန်အတွက် နောက်ထပ်အဆင့်မြှင့်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။

အမေရိကန် ဥပဒေအရ HIVကာကွယ်ရေး ပစ္စည်းတိုင်းသည် ယင်းရောဂါပိုး ကူးစက်မှုကို အနည်းဆုံး ၈၀ ရာခိုင်နှုန်းမျှ ကာကွယ်ဟန့်တားနိုင်ရမည်ဟု ပြဌာန်းထားကြောင်း သိရှိရသည်။ သို့သော်လည်း ယခုဂျယ်သည် HIVပိုး ကူးစက်ပျံ့နှံ့မှု အလွန်တွင်ကျယ်နေသည့် အာဖရိကတိုက်အတွက် များစွာအသုံးဝင်နိုင်ကြောင်း ဒေါက်တာဖူဆီက မှတ်ချက်ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here