ပျံသန်းနေသည့် လေယာဉ်ကို လေဆာဖြင့် စမ်းသပ် ပစ်ချမှု အောင်မြင်

alt

Star Wars ဇာတ်ကားများ​ ကဲ့သို့ ပျံသန်း​ နေသော လေယာဥ်​ တစ်စင်းကို လေဆာဖြင့် ပစ်ချမှုသည် ပထမဆုံး​ အကြိမ် စမ်းသပ် အောင်မြင်​ ခဲ့ပြီ​ ဖြစ်သည်။

အမေရိကန် ရေတပ်က လွှတ်တင်​ လိုက်သည့် မောင်းသူမဲ့ Drone လေယာဥ်​ တစ်စင်းအား လေဆာ​ ရောင်ခြည် စွမ်းအင်ဖြင့် ကယ်လီဖိုးနီးယား ကမ်းခြေတွင် ပစ်ချ​ လိုက်ခြင်း​ ဖြစ်သည်။ စစ်​ သင်္ဘော တစ်စင်းတွင် တပ်ဆင်​ ထားသည့် လေဆာ​ အမြှောက်သည် နှစ်မိုင်​ အကွာအဝေးရှိ ပစိဖိတ်​ သမုဒ္ဒရာပေါ် တစ်နာရီ မိုင် ၃၀၀ နှုန်းဖြင့် ပျံသန်းနေသည့် Drone​ အား တည့်မတ်စွာ ထိမှန်ခဲ့သည်။ ယင်း​ လေဆာ​ ရောင်ခြည်သည် သာမန်​ မျက်စိဖြင့် လုံးဝမမြင်ရဘဲ ပစ်မှတ်ကို ထိမှန်ချိန် အခိုက်လေးတွင်သာ တွေ့ရမည်​ ဖြစ်သည်။

ယခုလက်နက်သည် Star Wars ရုပ်ရှင်ထက် စစ်မှန်ကြောင်း ရေသီအွန်းရှိ စွမ်းအင်မြင့် လက်နက်များ သုတေသနဌာနမှ ဥက္ကဌ မိုက်ဘွန်းက ကြွေးကြော်ခဲ့သည်။ ယခု စမ်းသပ်မှုသည် ရေပြင်ထက် ပစ်မှတ်​ တစ်ခုအား ချေမှုန်းရာတွင် ပထမဆုံး အောင်မြင်မှု​ ဖြစ်ကြောင်း၊ အမေရိကန် စစ်တပ်သည် စစ်ပွဲ​ ဒေသများတွင် လက်ရှိ​ တပ်ဆင်ထားသည့် လက်နက်များ​ နေရာသို့ လေဆာ​ လက်နက်များ ထည့်သွင်း​ တပ်ဆင်သွားရန် စီစဥ်​ နေပြီ​ ဖြစ်ကြောင်း ဘွန်းက ပြောကြားခဲ့သည်။ ၎င်းက ဇူလိုင်လ ၁၈ ရက်နေ့ လေဆာစမ်းသပ်မှုအတွက် လေဆာ​ ရောင်ခြည်၏ သမိုင်းဝင် အောင်ပွဲနေ့ဟုလည်း အမည်တပ်ခဲ့သည်။

အမေရိကန်စစ်တပ်သည် စွမ်းအားမြင့် လေဆာ​ လက်နက်များကို ၂၀၁၆ တွင် စစ်မြေပြင်​ အတွင်း အပြည့်အဝ သုံးစွဲသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here