အမေရိကန် အိုးပင်း တင်းနစ် ပြိုင်ပွဲတွင် ဆီရီနာဝီလျံ ပါဝင်ရန် မသေချာ

alt

ဆီရီနာဝီလျံသည် လာမည့်​ လ​ အတွင်း ကျင်းပမည့် အမေရိကန်​ အိုးပင်း တင်းနစ်ပွဲတွင် ပါဝင်​ နိုင်ရန် မသေချာကြောင်း သိရသည်။

အသက် ၂၈ နှစ်ရှိပြီ​ ဖြစ်သည့် ကမ္ဘာ့​ အဆင့် ၁ အမေရိကန် တင်းနစ်မယ်သည် ညာဖက်​ ခြေဖဝါး နာကျင်​ နေမှုကြောင့် ဩဂုတ်လတွင် စတင်​ ကျင်းပမည့် ပြိုင်ပွဲကြီး​ အတွက် မသေမချာ ဖြစ်နေကြောင်း ကမ္ဘာ့​ တင်းနစ်​ အဖွဲ့ချုပ် ပြောရေး​ ဆိုခွင့်ရ အရာရှိ အင်ဒရူး ဝေါ့ကားက ပြောကြားခဲ့သည်။

ဆီရီနာသည် ဝင်ဘယ်ဒန် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး မကြာမီမှာပင် စားသောက်ဆိုင် တစ်ခု​ အတွင်း သူမ​ ကိုင်ထားသည့်​ ဖန်ခွက် ခြေထောက်ပေါ် ပြုတ်ကျရာမှ ဒဏ်ရာ​ ရသွားခြင်းဟု သိရသည်။ ကမ္ဘာ့​ အကြီးကျယ်ဆုံး တင်းနစ်​ ပြိုင်ပွဲ တစ်ခုဖြစ်သည့် အမေရိကန်​ အိုးပင်းကို ဩဂုတ်လတွင် စတင်ရန် အစီအစဥ် ရေးဆွဲ​ ထားသည်။

ဆီရီနာသည် ပြီးခဲ့သည့်​ နှစ် ပြိုင်ပွဲက အကြို​ ဗိုလ်လုပွဲတွင် ကင်ကလိုက်စတာကို ရှုံးနိမ့်​ ခဲ့ပြီး ထိုပွဲတွင် ဒိုင်​ အမျိုးသမီးအား ပြင်းပြင်းထန်ထန် ဝေဖန်​ ကန့်ကွက်မှုများကြောင့် စံချိန်တင်​ ဒဏ်ကြေး ဒေါ်လာ ၈၂၅၀၀ ပေးဆောင်ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here