ပြင်သစ်ဧကရာဇ် နပိုလီယန် ဘိုနာပတ်၏ ဆံပင်အား ​လေ​လံ​တင်​ရောင်း​ချ

alt

နာမည်ကျော် ပြင်သစ်​ ဧကရာဇ် နပိုလီယန် ဘိုနာပတ်၏ ဆံပင်အား လေလံတင် ရောင်းချ​ ခဲ့ရာ ဒေါ်လာ​ (၁၃၀၀၀)​ ပေးပြီး ဝယ်ယူ​ သွားကြောင်း သိရသည်။

နယူးဇီလန်တွင် ပြုလုပ်သည့် လေလံပွဲ တစ်ခုတွင် (၁၈၂၁)​ ခုနှစ်က နပိုလီယံ ကွယ်လွန်ချိန်တွင် ၎င်း၏​ ခေါင်းမှ ဖြတ်ယူ​ ထားသည့် ဆံစ​ အချို့ကို ရောင်းချ​ ခဲ့ခြင်း​ ဖြစ်သည်။ နပိုလီယံသည် စိန့်ဟယ်လင်နာကျွန်းတွင် ကွယ်လွန်​ သွားခြင်း​ ဖြစ်သည်။ စက်ဝိုင်း​ ပုံသဏ္ဍန်ရှိသည့် ယင်း​ ဆံစခွေကို (၁၈၆၄)​ ခုနှစ်တွင် ဒန်ဇယ်အီဘက်ဆန်က နယူးဇီလန်သို့ သယ်ဆောင်လာခြင်းဖြစ်သည်။

အီဘက်ဆန်သည် ဗြိတိသျှ ကော်မရှင်နာနှင့် ပန်းချီ​ ဆရာ တစ်ဦးဖြစ်သည်။ ၎င်းသည် နပိုလီယန် မကွယ်လွန်မီ (၆)​ နှစ်လုံးလုံး စိန့်ဟယ်လင်နာတွင် ပြင်သစ်​ ဧကရာဇ်ဟောင်းအား အလုပ်အကျွေး အစောင့်အရှောက်​ အဖြစ် အဖော်ပြု​ ခဲ့သည်။ ကမ္ဘာ့​ သမိုင်းတွင် အထင်ရှားဆုံး စစ်ဘုရင်​ တစ်ဦး ဖြစ်ခဲ့သူ နပိုလီယံသည် ဝါတာလူး​ စစ်ပွဲတွင် အရေးနိမ့်​ ခဲ့ပြီးနောက် အသက်​ (၅၁)​ နှစ်အရွယ်တွင် မထင်မရှားဘဝဖြင့် နေဝင်ချုပ်ငြိမ်း​ ခဲ့ရရှာသည်။ ယခုလေလံပွဲတွင် အီဘက်ဆန် ပိုင်ဆိုင်ခဲ့သော ပစ္စည်း​ အမျိုးပေါင်း (၄၀)​ ကျော်ကို ရောင်းချ​ ခဲ့ရာ နပိုလီယံ၏ ဆံစလည်း ပါဝင်​ ခဲ့ခြင်းဖြစ်သည်။

Art+Object လေလံ​ ဌာနက နှစ်ပေါင်း​ (၂၀၀)​ နီးပါး သက်တမ်းရှိနေသည့် ဆံနွယ်စသည် နပိုလီယံနှင့် ပတ်သက်သည့် အမှတ်တရ ပစ္စည်းများအနက် အထင်ရှားဆုံး အရာ​ တစ်ခု​ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခု​ ဆံပင်ကို လန်ဒန်မှ အမည်မဖော်လိုသူ တစ်ဦးက ဝယ်ယူ​ သွားခြင်းဖြစ်ကြောင်း လေလံဌာနက ကြေညာသည်။ ယင်းဆံပင်စကို ဝယ်ယူရန် နယူးဇီလန်၊ ဟောင်ကောင်၊ အမေရိကန်နှင့် ပြင်သစ်တို့မှ ဝယ်လက်များကလည်း ပိုင်ဆိုင်ရန် ကြိုးပမ်း​ ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here