ရေမွှေး ကြော်ငြာ အတွက် ဂျင်နီဖာ အင်နစ်စတန် ဝတ်လစ်စားလစ် ဓာတ်ပုံ အရိုက်ခံ

alt

ဂျင်နီဖာ အင်နစ်စတန်သည် သူမ၏ ရေမွှေး​ အတွက် ဝတ်လစ်စားလစ် ဓာတ်ပုံ​ အရိုက်​ ခံခဲ့ကြောင်း သိရသည်။ Lolavie ရေမွှေး​ ကြော်ငြာ​ အတွက် ဓာတ်ပုံ​ အရိုက်ခံရာတွင်

အင်နစ်စတန်သည် အဖြူရောင် စကက်လေး တစ်ထည်​ ကိုသာ ခါးအောက်တွင် ခပ်လျော့လျော့ ဝတ်ဆင်​ ထားသည်။ Lolavie​ သည် အသက် ၄၁ နှစ်​ အရွယ် မင်းသမီးက ထုတ်လုပ်သော ရေမွှေး​ ဖြစ်ပြီး ဘဝတွင် ရယ်မော​ ပျော်ရွှင်ခြင်းဟု အဓိပ္ပါယ်​ ရသည်။

အင်နစ်စတန်က သူမသည် ရေမွှေး​ ထုတ်လုပ်သည့် အဆင့်တိုင်းတွင် ပါဝင်စီမံ အကြံပေး​ ခဲ့ကြောင်း ပြောကြား​ ထားသည်။ သူမ၏ ကြော်ငြာ​ အတွက် ဓာတ်ပုံများကို အင်နစ်စတန်က မက္ကစီကိုရှိ ကာဘိုဆန်လူးဝစ်တွင် ရိုက်ကူး​ ခဲ့ခြင်း​ ဖြစ်သည်။ ယင်း​ ကြော်ငြာသည် ရေမွှေး​ ပုလင်းပေါ် မိမိအမည် ရိုက်နှိပ်​ လိုက်သကဲ့သို့ ဖြစ်စေမည်ဟု The Bounty မင်းသမီးက​ ဆိုသည်။ သူမက ကိုယ်တိုင်​ အနေနှင့် ရေမွှေး​ အလွန်ကြိုက်သူ တစ်ဦး​ မဟုတ်သော်လည်း ရနံ့​ မွှေးမြပြီး အရည်အသွေး​ ကောင်းသော၊ သဘာဝ​ ဆန်သော ရေမွှေးကို သူမ၏ ပရိသတ်များ သုံးစွဲ​ စေလိုကြောင်း ပြောကြား​ သွားသည်။

အင်နစ်စတန်က Lolavie​ သည် ဆွဲဆောင်မှု​ ရှိပြီး ပန်းရနံ့ဆန်ကြောင်း၊ သို့သော်လည်း ပန်း​ အများအပြား သုံးစွဲထားခြင်း မရှိသဖြင့် သဘာဝ​ ဆန်ဆန် သင်းပျံ့​ စေကြောင်း ညွှန်းဆို​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here