အင်ဒိုနီးရှားတွင် အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာအရပ် လွဲမှားနေ

alt

အင်ဒိုနီးရှား နိုင်ငံမှ မွတ်ဆလင် ဘာသာဝင်များသည် ဘာသာရေး အရ ဦးတည် ဝတ်ပြုသည့် အရပ် မျက်နှာ လွဲမှား နေကြောင်း နိုင်ငံ၏ အမြင့်ဆုံး မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းက ထုတ်ပြန် ကြေညာ လိုက်သည်။

လူအများသည် မက္ကာသို့ ဦးတည်ကာ ဝတ်ပြု နေသည်ဟု ယူဆ နေသော်လည်း အမှန်အားဖြင့် အာဖရိကတိုက်သို့ မျက်နှာ မူမိနေကြောင်း အင်ဒိုနီးရှား အူလီမာ ကောင်စီက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် မွတ်ဆလင် ဘာသာဝင် အများဆုံး ရှိနေသည့် နိုင်ငံသည် အစဥ် အဆက်အားဖြင့် မက္ကာရှိမည်ဟု ယူဆ ရသသည့် အနောက် အရပ်သို့ ဦးတည် ဝတ်ပြုလေ့ရှိသည်။ သို့သော်လည်း အူလီမာ ကောင်စီမှ ချိုလီရစ်ဝမ်က ထိုသို့ ဦးတည် နေခြင်းသည် ကင်ညာ သို့မဟုတ် ဆိုမာလီယာသို့ ရည်စူး နေခြင်း ဖြစ်ကြောင်း၊ အမှန်အားဖြင့် အနောက် မြောက်ဖက်သို့ ဦးတည်မှ သာလျင် မက္ကာရှိရာ ဆော်ဒီ အာရေဗျသို့ အမှန်တကယ် နီးစပ်မည် ဖြစ်ကြောင်း Reuters သို့ ပြောကြားခဲ့သည်။ ၎င်းက အရပ် မျက်နှာ မှားယွင်း ဝတ်ပြုမှုကြောင့် မွတ်ဆလင် ဘာသာဝင်များ အနေနှင့် ထို ဝတ်ပြုမှုများ အကျိုးမရှိ ဖြစ်သွားပြီဟု မစိုးရိမ်ရန်နှင့် အလ္လာ​ အရှင်မြတ်သည် မည်သည့်​ အရပ်သို့ ဦးတည်​ ဝတ်ပြုသည်​ ဖြစ်စေ ကြားသိမည်​ ဖြစ်ကြောင်းလည်း နှစ်သိမ့်ခဲ့သည်။

အင်ဒိုနီးရှားရှိ အနောက်ဖက်သို့ ဦးတည်​ ဆောက်ထားသည့် ဗလီများကိုလည်း ဖြိုချပြီး အသစ်​ ပြန်ဆောက်ရန် မလိုဘဲ ဝတ်ပြုသူများသာ အရပ်မျက်နှာ အနည်းငယ်မျှ စောင်းငဲ့​ သွားရန်လိုကြောင်း ရစ်ဝမ်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here