မူခင်းသိပ္ပံ​ ဆေးပညာ​ သင်ယူနေသည့် ဗြိတိန်​ အကမယ်ဟောင်း လူသတ်မှု​ အတွက် တရားစွဲဆိုခံရ

alt

မှုခင်းသိပ္ပံ ဆေးပညာ​ ဘာသာကို လေ့လာ​ သင်ယူနေသည့် Lap Dance အကမယ်ဟောင်း တစ်ဦးအား လူသတ်မှုတွင် အားပေး​ အားမြှောက် ပြုမှုဖြင့် တရားစွဲဆို​ ထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံမှ အသက်​ (၂၅)​ နှစ်အရွယ် နီကိုလာဘစ်ရှော့သည် သူမ၏​ ချစ်သူက တက္ကသိုလ်မှ ဆရာ​ တစ်ဦး၏​ သားအား သတ်ဖြတ်မှုတွင် အကြံပေး​ ခဲ့ကြောင်း စွပ်စွဲ​ ခံထားရသည်။ နီကိုလာ၏​ ချစ်သူ အသက်​ (၃၄)​ နှစ်​ ရှိ ဂျေဆန်ဟိုဝဲသည် အသက်​ (၂၃)​ နှစ်​ အရွယ် ဖင်းဝက်စတန်ဒေးဗီးအား ၎င်း၏​ နေအိမ်တွင် ဓားဖြင့်​ ထိုးသတ်​ ခဲ့မှုဖြင့် တရား​ စွဲခံ​ ထားရသည်။ ဇန်နဝါရီလ (၂၃)​ ရက်နေ့က ဖြစ်ပွား​ ခဲ့သည့် လူသတ်မှုနှင့် စပ်လျဥ်းပြီး နီကိုလာတို့ နှစ်ဦးလုံးက ငြင်းဆို​ ထားသော်လည်း အစိုးရ​ ရှေ့နေများက နီကိုလာတို့ စုံတွဲသည် ထို​ အချိန်က မူးယစ်ဆေးဝါး သုံးစွဲ​ ထားပြီး လူသတ်မှုမှာလည်း မူးယစ်​ ဆေးဝါး အရောင်း​ အဝယ်နှင့် ပတ်သက်​ နေကြောင်း စွပ်စွဲ​ ထားသည်။ အစိုးရ ရှေ့နေ​ ဖြစ်သူ မိုက်ကယ်​ ချိမ်ဘာက ယခု​ အမှုတွင် နီကိုလာသည် ဒုတိယ​ နေရာမှ တာဝန်​ ရှိသည်​ ဟူသော အထောက်​ အထားများ ရှိနေကြောင်း ပြောကြား​ ခဲ့သည်။ သူမသည် မူးယစ်ဆေးဝါး သုံးစွဲ​ ထားမှုကို ဖုံးကွယ်ရန် သူမ​ သင်ယူ​ ထားသည့် မှုခင်း​ ဆေးသိပ္ပံ ပညာရပ်ကို အသုံးပြု ကြိုးပမ်း​ ခဲ့ကြောင်း ချိမ်ဘာက​ ဆိုသည်။ ရဲတပ်ဖွဲ့သည် ဖင်းအား ထိုးသတ်ခဲ့သည့် ကြီးမားသော မီးဖိုချောင်​ သုံးဓားကြီး တစ်လက်​ ကိုလည်း သိမ်းယူ​ ရရှိထားကြောင်း သိရသည်။

ချိမ်ဘာက နီကိုလာသည် သူမ​ အနေနှင့် မူးယစ်ဆေးဝါး ကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ မသိရပါဟု ငြင်းဆို​ ထားသော်လည်း ဆေးစစ်ရန် သွေး​ နမူနာ တောင်းယူသည့်​ အခါ ငြင်းဆန်​ ခဲ့ကြောင်း ပြောကြား​ သွားသည်။ ယခု​ အမှုအား ဂျူရီ​ (၁၄)​ ဦး ပါဝင်သည့် တရား​ စီရင်ရေး​ အဖွဲ့က စစ်ဆေး​ နေဆဲ​ ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here