ဟမ်​ဘာ​ဂါ​နှင့်​ ဘီ​ယာ​ရောင်း​ကာ​ ​ညစ်​ညမ်း​​ ဒီ​ဗီ​ဒီ​​ ပေး​သည့်​​ လူငယ်​နှစ်ဦး​အား​ ဗြိ​တိန်​ ရဲ​ဖမ်း​ဆီး

alt

“ဘာဂါ​ စားပါ။ ဘီယာ​ သောက်ပါ။ ပြီးတော့ ဒီအခွေလေး လက်ဆောင်​ ယူပါ”​ ဆိုသည့် လူငယ်​ နှစ်ဦးအား ဗြိတိန်​ ရဲတပ်ဖွဲ့က ဖမ်းဆီး​ လိုက်ကြောင်း သိရသည်။

ဆယ်ကျော်သက်အရွယ် လူငယ်​ နှစ်ဦးသည် ​နောက်​တွဲ​ ဗင်ကား​ တစ်စင်းဖြင့် ဟမ်ဘာဂါနှင့် ဘီယာတို့ လှည့်လည်​ ရောင်းချကာ ညစ်ညမ်း​ DVD​ များအား လက်ဆောင်​ အဖြစ် ပေးနေခြင်းကြောင့် ရဲများက ယခုလို ဖမ်းဆီး​ လိုက်ခြင်း​ ဖြစ်သည်။ ယင်းတို့သည် ကလပ်များနှင့် ဘီယာဘားများအနီး လှည့်လည်ကာ ယခုဝန်ဆောင်မှုဖြင့် ရောင်းချ​ နေခြင်းဖြစ်သည်။ အရှေ့ယောက်ရှိုင်းယား ရဲတပ်ဖွဲ့က ၎င်းတို့သည် မဖွယ်မရာ ဓာတ်ပုံများကို ကားအနီးတွင် ကပ်ထားကာ ဘီယာနှင့်ဘာဂါ ဝယ်ယူရန် ဆွဲဆောင်​ ကြကြောင်းလည်း စွပ်စွဲ​ ထားသည်။ ၎င်းတို့သည် Porn Burger Caravan Lads for Junior Apprentice 2011 အမည်ဖြင့် Facebook​ တွင် Page​ တစ်ခု တည်ဆောက်ကာ ဖောက်သည်များကို ဖိတ်ခေါ်​ ထားသေးသည်။

ရဲများက ယင်းလူငယ်နှစ်ဦးသည် ငွေကြေး​ (၅)​ ပေါင်မျှထက်ပို၍ ဝယ်ယူအားပေးပါက ညစ်ညမ်း​ DVD​ များ လက်ဆောင်ပေးခဲ့ကြောင်း ပြောကြားသွားသည်။ ထို့အပြင် ၎င်းတို့၏ ဗင်ကားသည် ကလပ်နှင့် ဘားများရှေ့တွင် ပိတ်ရပ်ကာ ယာဥ်စည်းကမ်း ဖောက်ဖျက်မှုဖြင့်လည်း အရေးယူခံရမည်ဟုဆိုသည်။ ရဲတပ်ဖွဲ့သည် လူငယ်နှစ်ဦးအား စုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး တစုံတရာ စွဲချက်တင်မှုမျိုး မပြုလုပ်ရသေးဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here