​အိပ်​နေ​စဥ်​ယောင်​ယမ်း​ကာ​ ​လူ​သတ်​​ခဲ့​သည့်​ ​ရဲ​အ​ရာ​ရှိ​ ​အ​ဖမ်း​ခံ​ရ

alt

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှ ရဲ​ အရာရှိဟောင်း တစ်ဦးမှာ အိပ်​ နေစဥ် ယောင်ယမ်းကာ လမ်း​ ထလျှောက်ပြီး လူသတ်​ ခဲ့မှုများ​ အတွက် အဖမ်းခံ​ ခဲ့ရသည်။

၎င်းသည် လွန်ခဲ့သော (၂၅)​ နှစ်​ အတွင်း လူသတ်မှု (၁၀)​ ခု​ နှင့် လူသတ်ရန် ကြံစည်မှု (၁)​ မှုတို့ကို ကျူးလွန်​ ခဲ့ကြောင်း တရားရုံးက စွဲချက်​ တင်ထားသည်။ အသက်​ (၅၇)​ နှစ်ရှိ လိုနီ ဖရန်ကလင် ဂျူနီယာသည် ပြစ်မှု​ ထင်ရှားပါက သေဒဏ်ထိ အပြစ်ကြီးကြောင်း တရားရုံး​ ရှေ့နေ စတီဗီကူလီက ပြောကြားခဲ့သည်။ လိုနီ​ သတ်ဖြတ်မှုကို ခံခဲ့ရသည့် မိုနစ်​ အလက်ဇန်ဒါးဆိုသူ တစ်ဦး၏ အစ်ကိုဖြစ်သော ဒေါ်နယ်​ အလက်ဇန်ဒါးက မိမိသည် ယနေ့ကို စောင့်မျှော်​ နေခဲ့ကြောင်း၊ တရားသူကြီးသည် တရားခံအား ထိုက်တန်သော ပြစ်ဒဏ်​ စီရင်ရန် မျှော်လင့်ထားကြောင်း ပြောဆိုသွားသည်။ လိုနီသည် (၁၉၈၅)​ ခုနှစ်မှ (၂၀၀၇)​ ခုနှစ်အတွင်း လူသတ်မှုများကို ဆက်တိုက်​ ကျူးလွန်ခဲ့ပြီး ၎င်း၏​ လက်ချက်ကြောင့် လူမည်း​ အမျိုးသမီး​ (၉)​ ဦးနှင့် လူမည်း​ အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း အစိုးရ ရှေ့နေများက စွပ်စွဲထားသည်။ လိုနီသည် ၎င်း၏ အသိမဲ့ သတ်ဖြတ်မှုများကြောင့် Grim Sleeper​ ဟူသော အမည်ကို ရရှိ​ နေသူလည်းဖြစ်သည်။ ယင်းသည် အနေ​ အေးသူတစ်ယောက်ဖြစ်ရာ အဖမ်း​ ခံရချိန်တွင် အိမ်နီးချင်းများက မယုံနိုင်​ လောက်အောင် ဖြစ်သွား​ ခဲ့ကြောင်း သိရသည်။

Grim Sleeper​ မှုခင်းသည် ရဲများအား ဦးနှောက်အခြောက်ဆုံး မှုခင်းတစ်ခု ဖြစ်စေခဲ့ပြီး ဒဏ်ငွေဒေါ်လာ ငါးသိန်းထိပင် ထုတ်ထားခဲ့သည်။ ရဲတပ်ဖွဲ့သည် အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးထံမှ လူသတ်သမား၏ DNA​ ကို ရရှိခဲ့ပြီးနောက် ကာယကံရှင်ကိုယ်တိုင် မသိဘဲ ကျူးလွန်နေသည့် လူသတ်မှုများ၏ တရားခံအား ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here