​လိင်​တူ​ချင်း​ လက်​ထပ်​ထိမ်း​မြား​ခြင်း ​အား​ ​အာ​ဂျင်​တီး​နား​တွင်​ ​တ​ရားဝင်​ခွင့်​ပြု​

alt

အာဂျင်တီးနား နိုင်ငံသည် လက်တင်အမေရိက နိုင်ငံများအနက် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင် ခွင့်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်။

နိုင်ငံအတွင်း ဩဇာကြီးမားသည့် ကက်သလစ် ဘုရားကျောင်းက ကန့်ကွက်မှုများ ရှိနေသည့်တိုင် အဆိုပါ ဥပဒေကို ယခုသီတင်းပါတ်အတွင်း အတည်ပြုပေးလိုက်သည်။ ဇူလိုင်လ ၁၅ ရက်နေ့က ပြဌာန်းလိုက်သည့် ဥပဒေသစ်ကို Gay​ အခွင့်အရေး တောင်းဆိုသူများက ကြိုဆိုခဲ့ကြသည်။ ရိုမန်ကက်သလစ် ဘာသာဝင်များကမူ လိင်တူချင်း လက်ထပ်ခွင့်ကို ကန့်ကွက်ဆန္ဒပြခဲ့ပြီး ယင်းသည် လူ့အခွင့်အရေးကို အလွဲသုံးစား ပြုလုပ်ခြင်းအဖြစ် အရေးဆိုခဲ့သည်။ အာဂျင်တီးနား လွှတ်တော်က ဆုံးဖြတ်ချက်ချရန် ခက်ခဲသည့် ဥပဒေသစ်ကို မဲအရေအတွက် ၃၃-၂၇ ဖြင့် အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။

သမ္မတ ခရစ်စတီးနား ဖာနန်ဒက် ဒီကရစ်ချနာက သူမသည် ဥပဒေသစ်ကို လက်မှတ်ရေးထိုး အတည်ပြုကြောင်း ပြောကြားခဲ့သည်။ ယင်းဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း စကားရည်လုမှုသည် ၁၄ နာရီမျှ ကြာမြင့်ခဲ့သည်။ သတင်းများက ဥပဒေသစ်ကို တောင်းဆိုသည့် Gay အခွင့်အရေး ထောက်ခံသူများသည် ထိုဥပဒေ အတည်ပြု မကြေညာမီ ကွန်ဂရက်ရှေ့မှ ရင်တထိတ်ထိတ်နှင့် လာရောက်စောင့်ဆိုင်းနေခဲ့ပြီး ဥပဒေကို တရားဲဝင် လက်ခံကြောင်း ကြေညာချိန်တွင် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့သည်ဟု ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here