ရွက်လှေဖြင့်ကမ္ဘာပတ်မှု မအောင်မြင်ခဲ့သည့် မိန်းကလေး နောက်တစ်ကြိမ် ကြိုးပမ်း ဦးမည်

alt

ရွက်​လှေငယ်​ ​တစ်​စင်း​ဖြင့်​ က​မ္ဘာ​တစ်​ပါတ်​ ​စွန့်​စား​ထွက်​ခွာ​ရန်​ ​ကြိုး​ပမ်း​ခဲ့​ပြီး​မှ​ ​လက်​လျှော့​ခဲ့​ရ​သည့်​ ​ဆယ်​ကျော်​သက်​ ​မိန်း​က​လေး​သည်​ ​သူ​မ၏​ရွက်​လှေ​ ​ထွက်​ခွာ​ခဲ့​ရာ​ ​နေ​ရာ​သို့​ ​အ​လည်​အ​ပတ်​ ​လာ​ရောက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

​ ​အ​သက်(​၁၆)​နှစ်​သာ​ရှိ​သေး​သော​ ​အ​မေ​ရိ​ကန်​ ​မိန်း​က​လေး​ ​အ​ဘေး​ဆန်း​ဒါး​လန်း​သည်​ ​က​မ္ဘာ့​အ​သက်​အင​ယ်​ဆုံး​ ​ရွက်​လှေ​ဖြင့်​ ​က​မ္ဘာ​ပတ်​နိုင်​သူ​ ​ဖြစ်​ရ​မည်​ဆို​သော​ ​မျှော်​လင့်​ချက်​ဖြင့်​ ဇန်​န​ဝါ​ရီ​လ​က​ ​ရွက်​လှေ​ဖြင့်​ ​စ​တင်​ထွက်​ခွာ​ခဲ့​သော​ ​ကယ်​လီ​ဖိုး​နီး​ယား​ရှိ​ ​မာ​ရီ​နာ​ဒယ်​ရေး​ ​ဆိပ်​ကမ်း​သို့​ ​ဇွန်​လ(​၂၇)​ရက်​နေ့​က​ ​ရောက်​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဆန်း​ဒါး​လန်း​သည်​ ​ပေ(​၄၀)​ရှည်​သော​ ​ရွက်​လှေငယ်​ဖြင့်​ ​အိ​န္ဒိ​ယ​ ​သ​မု​ဒ္ဒ​ရာ​ကို​ ​ဖြတ်​ကျော်​ကာ​ ​က​မ္ဘာ​ပတ်​ရန်​အ​တွက်​ ​ယင်း​ဆိပ်​ကမ်း​မှ​ ​ဇန်​န​ဝါ​ရီ​လ​ (​၂၃)​ရက်​နေ့​က​ ​စ​တင်​ထွက်​ခွာ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​ပြင်း​ထန်​သော​ ​မုန်​တိုင်း​များ​ကြောင့်​ ​ယ​ခု​လ​အ​စော​ပိုင်း​က​ ​သူ​မ​၏​လှေ​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထိ​ခိုက်​မိ​ကာ​ ​ဆန်း​ဒါး​လန်း​မှာ​ ​အ​ရေး​ပေါ်​ ​အ​ချက်​ပေး​ ​အ​ကူ​အ​ညီ​ ​ရယူ​ပြီး​နောက်​ ​ကယ်​ဆယ်​ရေး​တပ်​ဖွဲ့​၏​ ​ရှာ​ဖွေ​ကယ်​တင်​မှု​ကို​ ​ခံ​ခဲ့​ရ​သည်​။​ ​

သူ​မ​၏​ ​ပျက်​သုဥ်း​သွား​သော​ ​အိပ်​မက်​များ​အ​တွက်​ ​လက်​လျှော့​ရန်​ ​စိတ်​မ​ကူး​ကြောင်း​၊​ ​အ​ခွင့်​ရ​ပါ​က​ ​နောက်​တစ်​ကြိမ်​ ​က​မ္ဘာ​ပတ်​ရန်​ ​ကြိုး​စားဦး​မည်​ဖြစ်​ကြောင်း​ ​မာ​ရီ​နာ​ဟို​တယ်​တွင်​ ​သ​တင်း​ထောက်​များ​နှင့်​ ​တွေ့​ဆုံ​စဥ်​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဆန်း​ဒါး​လန်း​သည်​ ​ကမ္ဘာ​ကြီး​ကို​ ​စွန့်​စွန့်​စား​စား​ ​တစ်​ပတ်​ပတ်​ရန်​ ​စိတ်​ကူး​ကို​ ​သူ​မငယ်​စဥ်​ ​က​လေး​ဘ​ဝ​က​တည်း​က​ ​ရ​ရှိ​ခဲ့​ခြင်း​ဟု​ ဝန်​ခံ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here