​အ​မြွှာ​ညီ​နောင်​ ​အ​ဆောက်​အအုံဟောင်း​ နေ​ရာ​မှ​ ​နှစ်​ပေါင်း​ ၂၀၀​ ကျော်​ သက်​တမ်း​ရှိ​ ​လှေ​အ​ပျက်​တွေ့​

alt

အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တော်ရှိ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြိုကျခဲ့သော WTC အဆောက်အအုံ နေရာမှ သက်တမ်းနှစ် ၂၀၀ ကျော်ရှိနေပြီဖြစ်သည့် လှေအပျက် တစ်စင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

WTC အဆောက်အအုံ နေရာတွင် အသစ် ပြန်လည် တည်ဆောက်မည့် မိုးမျှော်တိုက် လုပ်ငန်းခွင် အတွက် တူးဖော်မှုများ ပြုလုပ်စဥ် အဆိုပါလှေ၏ အစိတ်အပိုင်းများအား ယခု သီတင်းပါတ်အတွင်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ၃၂ ပေရှိသောလှေသည် ၁၈ ရာစုက သစ်သားဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သစ်သားနမူနာများကို ဓာတ်ခွဲစမ်းသပ်ပြီးနောက် ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ယင်းလှေကို ၁၇၀၀ ပြည့်နှစ်များက ဟက်ဆန်မြစ်အတွင်း အသုံးပြုခဲ့သည်ဟု ပညာရှင်များက ယူဆခဲ့သည်။ ထိုလှေသည် ၁၈၁ဝ ပြည့်နှစ် ဝန်းကျင်လောက်တွင် အဆိုပါ နေရာသို့ ရောက်ရှိနစ်မြုပ်နေခဲ့ခြင်းဟု သုတေသီများက ခန့်မှန်းခဲ့သည်။ သုတေသီ တစ်ဦးဖြစ်သည့် မော်လီမက်ဒေါနယ်က လှေ၏ လှော်တက်နှစ်ဖက်ကို ပထမဆုံး သတိပြုမိခဲ့ခြင်းဖြစ်ပြီး ရ စတုံ အလေးချိန်ရှိသည့် ကျောက်ဆူးကိုပါ တူးဖော်နိုင်ခဲ့သည်ဟုဆိုသည်။ ယင်းလှေကို မည်သည့်နေရာတွင် အသုံးပြုခဲ့ကြောင်းနှင့် မည်သူပိုင်ဆိုင်ခဲ့သည်ဆိုသော အချက်များကိုမူ မသိရသေးပေ။

နယူးယောက်မြို့တော် အုပ်ချုပ်ရေးဌာနသည် Ground Zeroဟု သတ်မှတ်ထားသည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်သမားများက ခရီးသည်တင် လေယာဥ်များကို အပိုင်စီးကာ ဲဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြိုကျပျက်စီးသွားရာ နေရာတွင် အမြင့်ပေ ၁၇၀၀ ကျော်ရှိသော မိုးမျှော်အဆောက်အအုံ တစ်ခုကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here