​အ​ရုပ်​အ​ဆိုး​ဆုံး​ ငါး​မျိုး​စိတ်​သစ်​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

မည်သည့် အခါကမျှ ပညာရှင်များ မတွေ့ဖူးသော အရုပ်ဆိုးဆိုး ငါးမျိုး စိတ်သစ် တစ်ခုအား ဩစတြေးလျရှိ နာမည်ကျော် သန္တာ ကျောက်တန်းကြီးတွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။

သန္တာ ကျောက်တန်း အနီး တဝိုက်တွင် ပင်လယ်ရေ မျက်နှာပြင်အမြင့် စံချိန်တင် နိမ့်ကျလာမှုကို မှတ်တမ်းတင် နေသည့် ပညာရှင်များက အဆိုပါ ထူးထူး ဆန်းဆန်း ငါးအား မှတ်တမ်း ဓာတ်ပုံ ရိုက်ကူး လိုက် နိုင်ခြင်း ဖြစ်သည်။ ကွင်းစလန်း တက္ကသိုလ်မှ ပညာရှင်များသည် အဆင့်မြင့် နည်းပညာသုံး ကင်မရာများဖြင့် သန္တာ ကျောက်တန်း အောက်ဖက် ရေအနက် ၁၅၀၀ မီတာခန့်မှ ပုံများကို ရိုက်ယူခဲ့သည်။

အဏ္ဏဝါဇီဝ သိပ္ပံပညာရှင် ဂျက်ဆတင်မာရှယ်က ၎င်းဦးဆောင်သည့် ပညာရှင် အဖွဲ့သည် ပါးဟပ် ၆ ခုပါသည့် မီးခိုးရောင် ငါးမန်း တစ်ကောင်၊ အဆီပြင်များပါသည့် ငါးကြီး တစ်ကောင် အပါအဲဝင် ထူးထူးခြားခြား ဓာတ်ပုံများကိုလည်း ရိုက်ယူ နိုင်ခဲ့သည်ဟု ပြောဆို သွားသည်။ ၎င်းက နေရောင်ခြည် ကျရောက် နိုင်ခြင်း မရှိတော့သည့် မီတာ ၂၀၀၀ အောက် နေရာများတွင် ပိုမို ထူးခြားသော သတ္တဝါများ ရှင်သန်နေမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြား ခဲ့သည်။ ပရော်ဖက်ဆာ မာရှယ်နှင့် သုတေသီများသည် အလင်းဖျော့ဖျော့တွင်ပင် ပုံဖော်နိုင်သော ခေတ်မီနည်းပညာသုံး ကင်မရာများကို ရေအောက် ကြမ်းပြင်သို့ချကာ ဓာတ်ပုံများ ရိုက်ယူ ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ၁၀ ရက်ကြာ အချိန်ယူကာ ရိုက်ကူးခဲ့သော ပုံများသည် အဏ္ဏဝါ သက်ရှိများကို လေ့လာရာတွင် မှတ်တမ်းတင်လောက်သော တွေ့ရှိမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ပရော်ဖက်ဆာ မာရှယ်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here