က​လေးငယ်​အား​ ​အဝတ်​လျှော်​စက်​ထဲ​ ​ထည့်​လှည့်​ကာ​ ​သတ်​ဖြတ်​ ခဲ့​သည့်​ ​ဂျ​ပန်​ အ​မျိုး​သ​မီး

alt

ကလေးငယ်အား အဝတ်လျှော်စက်ထဲ ထည့်လှည့်ပြီး သတ်ဖြတ်မှု အတွက် ဂျပန် နိုင်ငံမှ မိခင် တစ်ဦးအား ရဲများက ဖမ်းဆီး ထားလိုက်ကြောင်း သိရသည်။ အသက်​ ၃၄​ နှစ် အရွယ် ဂျန်ကိုအီဂါရှီယာသည်

သူမ၏ ၅​ နှစ်အရွယ် သမီးလေး မွန်းအား အဝတ်လျှောက် စက်ထဲ ထည့်ပြီး ဒဏ်ပေး ခဲ့ခြင်း ဖြစ်သည်။

ဂျန်ကိုသည် ရဲများထံသို့ သူမသည် ကလေး၏ ပါးစပ်ကို တိပ်ဖြင့် ပိတ်ကာ လက်နှစ်ဖက်ကိုလည်း ပူးချည်ပြီး အဝတ်လျှောက်စက်ထဲ ထည့်ထားပြီး အကြိမ် အတော်များများ လှည့်ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ သူမသည် ရေဖြည့်ထားသည့် အဝတ်လျှောက်စက်အား စက် မဖွင့်မီ ကလေး အပြင်ဖက်သို့ ထွက်မလာ နိုင်ရန် အဝတ်လျှောက်စက် တံခါးကိုပါ တိပ်များဖြင့် ပိတ်ထား ခဲ့ကြောင်း သိရသည်။ ဂျန်ကိုက သူမ၏ သမီးအား ခြိမ်းခြောက်ရန်သာ ယခုလို ပြုလုပ်ခဲ့ပြီး သတ်ဖြတ်ရန် မရည်ရွယ်ကြောင်း ပြောကြားသွားသည်။ ဂျန်ကိုသည် သနားစရာ မိန်းကလေးအား ရေ အပြည့် ဖြည့်ထားသည့် ပုံးများကို ကာလ ကြာရှည်စွာ ဆွဲထားခိုင်းသည့် နှိပ်စက်မှုများလည်း ပြုလုပ် ခဲ့သေးကြောင်း ဝန်ခံခဲ့သည်။

ဇွန်လ​ ၂၇​ ရက်နေ့ကမူ အဝတ်လျှောက်စက်အတွင်း ရေမွန်း သေဆုံး သွားသည့် မိန်းကလေး အတွက် သူမ၏ မိခင်အား ရဲများက ဖမ်းဆီး လိုက်သည်။ ကွာရှင်းထားသည့် အမျိုးသမီး တစ်ဦးဖြစ်သော ဂျန်ကိုက မွန်းကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ စည်းကမ်း ကြပ်မတ် ထိန်းသိမ်း ခဲ့ခြင်းသာဖြစ်ကြောင်း ရဲများအား ပြောကြား ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here