​ခရစ်​ယာန်​များ​ထက်​ ​ဂျူး​တို့​က​ ​လိင်​မှု​ကိ​စ္စ​တွင်​ ​စွမ်း​ဆောင်​ရည်​ ပို​ကောင်း

alt

ခရစ်ယာန် ဘာသာဝင်များထက် ဂျူး ဘာသာဝင်များက လိင်မှု ကိစ္စတွင် စွမ်းဆောင်ရည် ပိုကောင်းကြောင်း​ဆွီဒင် Theology ပရော်ဖက်ဆာ တစ်ဦးက ပြောကြား​ လိုက်သည်။

နှစ်စဥ် ဆွီဒင်​ အနောက်ဖက် ကမ်းခြေတွင် ပြုလုပ်သည့် ခရစ်ယာန်​ ဘာသာ ယုံကြည်​ ကိုးကွယ်သူများ၏ ဟိုနို အစည်းအဝေးတွင် လိဖ်ကာရီဆန်က ယခုလို ပြောကြား​ ခဲ့ခြင်း​ ဖြစ်သည်။ ယင်းသို့​ ဖြစ်ရခြင်းမှာ ခရစ်ယာန် ဘာသာဝင်များသည် လိင်မှု​ ကိစ္စကို ဘာသာရေး​ အမြင်အရ အနုတ်​ လက္ခဏာဆောင်သည့် လုပ်ရပ်မျိုး​ အဖြစ် ဂျူးတို့ထက် ပိုမို​ ရှုမြင်​ လေ့ရှိခြင်းကြောင့်ဟု ၎င်းက ရှင်းလင်း​ ပြောကြား​ သွားသည်။ (၁၉၄၅)​ ခုနှစ်​ ကတည်းက နှစ်စဥ်​ ကျင်းပလာသည့် ဟိုနို​ အစည်းအဝေးတွင် ကာရီဆန်က ခရစ်ယာန် ဘာသာဝင်များကြားတွင် လိင်မှု​ ကိစ္စသည် ပြစ်မှု​ တစ်ခုမဟုတ်ကြောင်း ပိုမို​ ဆွေးနွေး​ သင့်သည်ဟု တိုက်တွန်းခဲ့သည်။ သို့သော်လည်း အစဥ်အဆက်က လိင်ကိစ္စကို ယုတ်ညံ့မှု​ အဖြစ် ရှုမြင်ခြင်းသည် ဂျူးတို့ထက် လိင်​ စွမ်းရည်တွင် လျော့နည်း​ ကျဆင်း​ သွားစေကြောင်း ယင်းက ထောက်ပြ​ ခဲ့သည်။ ကာရီဆန်က ဂျူးများသည် လိင်ကိစ္စမှာ လူသားများ ရှင်သန်မှု​ အတွက် မရှိမဖြစ် လိုအပ်သော အရာ​ တစ်ခုအဖြစ် ဓမ္မဓိဌာန်​ ကျကျ လက်ခံ​ ထားကြောင်း ပြောကြား​ သွားသည်။

ကာရီဆန်က အမျိုးသားများသည် အမျိုးသမီးများအား လိုအပ်ကြောင်း၊ အမျိုးသားများ​ အနေနှင့် အမျိုးသမီး တစ်ဦးစီ​ အတွက် စိတ်​ ဆန္ဒ​ ပြည့်ဝ​ စေရန် မည်မျှထိ စွမ်းဆောင်​ နိုင်သည်ဆိုသော ကဏ္ဍတွင် ဂျူးများသည် အများအားဖြင့် ခရစ်ယာန် ဘာသာဝင်များထက် သာလွန်ကြောင်း၊ လိင်မှုကိစ္စနှင့် နီးစပ်မှု​ ရှိသူများသည် လိင်နှင့်​ ပတ်သက်ပြီး စွမ်းရည်​ ပိုမြင့်သည်မှာ မထူးဆန်းကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here