တ​ရုတ်​နိုင်ငံ​တွင်​ ​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သူ​များ​မှာ ​မှို​ဆိပ်​သင့်​ခဲ့​ခြင်း​ဖြစ်

alt

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ရုတ်တရက် သေဆုံးခဲ့သူ ၄၀၀ ခန့်တို့သည် အဆိပ်ရှိသည့် သေးငယ်သော မှိုတစ်မျိုးကြောင့်ဟု ပညာရှင်များက ပြောကြားခဲ့သည်။

ယူနန်တွင် ဖြစ်ပွားခဲ့သည့် ပြီးခဲ့သော ဆယ်စုနှစ် သုံးခုကျော် ကာလအတွင်း လူပေါင်း ၄၀၀ ထက်မနည်းသည် မှိုကြောင့် သေဆုံးခဲ့ခြင်းဟု တရုတ်ကင်ဆာနှင့် ရောဂါထိန်းသိမ်းရေးဌာနမှ ပညာရှင်များက ၅ နှစ်ကြာ လေ့လာမှုများအပြီး ပြောကြားခဲ့သည်။ အဖြူကလေးဟု တရုတ်တို့ ခေါ်လေ့ရှိသည့် ချစ်စဖွယ် မှိုပွင့်လေးများသည် လူပေါင်းရာနှင့်ချီမျှတို့၏ အသက်ကို နှုတ်ယူခဲ့ကြောင်း တရုတ်ပညာရှင်များနှင့် ပူးပေါင်းလေ့လာခဲ့သည့် အမေရိကန် ကင်ဆာနှင့် ရောဂါတားဆီးတိုက်ဖျက်ရေး အဖွဲ့ကြီးမှ ဒေါက်တာ ရောဘတ်ဖိုတိန်းက ပြောကြားခဲ့သည်။ ထိုမှိုလေးများသည် ယူနန်တွင် အနှံ့အပြား သဘာဝအလျောက် ပေါက်ရောက်နေလေ့ရှိသည်။ ထိုမှိုလေးများ ပေါက်လေ့ရှိသည့် နွေရာသီကာလတွင် ယူနန်ရှိ ကျေးရွာများအတွင်း သဘာဝအလျောက် တွေ့ရှိရသည်။ ယင်းမှို၏ အဆိပ်သည် နှလုံးအား တိုက်ခိုက်ကာ တိုတောင်းသော ကာလအတွင်း သေဆုံးစေတတ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ယူနန်တွင် အမည်မသိ ရောဂါတစ်မျိုးကြောင့် ရုတ်တရက် သေဆုံးမှုများနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ်မှစကာ ဘေဂျင်းမှ ဗဟိုအစိုးရ၏ အကူအညီကိုယူပြီး သုတေသန ပြုခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း သုတေသီများက မှိုတွင်ပါဲဝင်သည့် အဆိပ်သည် သေဆုံးမှုများ အားလုံး၏ အဓိက အကြောင်းရင်း ဖြစ်နိုင်သည်ဟု အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း ဝန်ခံခဲ့သည်။ ဓာတ်ခွဲစမ်းသပ်မှုများအရ အဆိုပါမှို အများစုတွင် ပါဲဝင်သော အဆိပ်ဓာတ်သည် လူတစ်ဦးအား သေသည်အထိ အန္တရာယ်ဖြစ်အောင် ပြင်းထန်မှု မရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here